Unicode
Chapter 36: တစ်ဦးတည်းသောညီမ
ယွီကျွယ်သည် ယွီဝမ်အား ထူးဆန်းစွာကြည့်လိုက်သည်။ သူ၏အကြည့်များကြောင့် သူမထူးဆန်းသလို ခံစားမိသည်။
သူမသည် အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။ “အစ်ကိုငယ်၊ ဘာလို့ညီမကို အဲ့လိုကြည့်နေရတာလဲ”
ယွီကျွယ်သည်ပြောခဲ့သည်။ “နင်ဘယ်အချိန်အထိ အရူးလို ဟန်ဆောင်နိုင်မလဲကြည့်ချင်သေးတယ်။ ယွီဝမ်၊ အဲ့နေ့က ကောင်းချန်ဘေးက အမျိုးသမီးက နင့်သူငယ်ချင်း ဟုတ်တယ်မလား။ သူနဲ့ကောင်းချန်က ယောင်ယောင်ကို အကျပ်ကိုင်ဖို့ အတူတူကြံစည်ခဲ့တာ နင်သိလား”
ယွီဝမ်၏အမူအရာမှာ ခဏတာ အနည်းငယ် ပျာယာခတ်သွားကာ ဤသည်မှာ သူ၏အရင်ဘဝတွင် သရုပ်ဆောင် အသက်မွေးဝမ်းကျောင်းအတွက် အသေးအမွှား အပြုအမူများအား လေ့လာခဲ့သော ယွီကျွယ်၏အကြည့်မှ မရုန်းထွက်နိုင်ခဲ့ပါ။
“အစ်ကိုငယ်၊ ဘာတွေ ပြောနေလဲ ညီမနားမလည်ဘူး။ ကောင်းချန်ရော သူ့သူငယ်ချင်းကိုရော ဘယ်သူမှန်းမသိဘူး”
ယွီကျွယ်သည် ယွီဝမ်၏ရှင်းပြချက်အား စိတ်ထဲ၌ လုံးဝမထားပေ။ သူသည် တမူထူးခြားစွာ ခေါင်းညိတ်ပြလိုက်သည်။ “နင် ဘာပြောပြောပါ။ ဘာပဲဖြစ်ဖြစ် ရဲက ယောင်ယောင်ကို အကျပ်ကိုင်ခဲ့တဲ့လူတွေ အားလုံးကို နောက်ဆုံးမှာ ဖမ်းမှာပဲ။ ငါနင့်ကို ရသစုံရှိုးမှာ ပါခွင့်မပြုဘူး။ ယောင်ယောင်က နင်နဲ့တောင်မနေချင်တာ နင်နဲ့ရှိုးပွဲရိုက်ဖို့ဆို ပိုတောင်ဝေးသေး”
ယွီဝမ်သည် သူမ၏နှလုံးသား အေးသွားသလို ခံစားမိခဲ့သည်။ “ဒါဆို အစ်ကိုငယ်က ညီမတစ်ယောက်ရဲ့ ခံစားချက်ကို တွေးပေးပြီး အခြားညီမတစ်ယောက်ဖြစ်တဲ့ ညီမကိုတော့ စွန့်ပစ်လိုက်တာပေါ့”
ယွီကျွယ်သည် ခဏတာတွေးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ ငါ ယောင်ယောင်နဲ့ အဆင်ပြေပြေဖြစ်ဖို့ အခွင့်အရေးကို ရှာနေတာကြာပြီ။ ဒီရသစုံရှိုးက ဘဝမှာ တစ်ခါသာရတဲ့ အခွင့်အရေးမို့ ငါကို လာနှောင့်ယှက်တဲ့သူကို ခွင့်ပြုမှာမဟုတ်ဘူး။ ယွီဝမ်၊ မင်းနားလည်လား”
VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...