Part 80

1.6K 122 0
                                    

80 01

Chapter 80: အိမ်ရွေးချယ်ခြင်း ပဋိပက္ခ

ယွီယောင်၏ မျက်နှာပေါ်မှအပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ယွီဝမ်အား စိုက်ကြည့်ကာ အနည်းငယ် ထေ့ငေ့ါပြောလိုက်သည်။ "အစ်ကိုငယ်လည်း ခုနကပြောတယ်မဟုတ်လား။ ငါတို့အခုရှိုးရိုက်ကူးရေးလုပ်နေတာလေ။ နင့်အိမ်မှာမှမဟုတ်ဘဲ။ နင်လိုချင်တဲ့ ဘယ်အိမ်ကိုမဆိုရွေးနိုင်တယ်လို့ နင်ထင်နေတာလား။ အဲ့ဒါဆိုရင်တော့ ငါကပင်လယ်နားက ဗီလာအိမ်ကြီးကို ရွေးမှာပဲ။ ထုတ်လုပ်ရေးအဖွဲ့က ဗီလာကြီးကို ရွာငယ်လေးထဲ ရွှေ့လာနိုင်မယ်လို့ နင်ထင်လား"

ယွီဝမ်သည် ဝမ်းနည်းနေသည့်အမူအရာ ဖြစ်နေခဲ့သည်။ သူမသည် နှုတ်ခမ်းဆူကာ သနားစရာကောင်းသည့်အမူအရာနှင့် ပြောလိုက်သည်။ "မမယွီယောင်၊ ညီမကမေးခွန်းတစ်ခုပဲမေးလိုက်တာပါ။ ဘာလို့အရမ်း ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ။ မမကိုနောက်ထပ် စကားတောင်မပြောရဲတော့ဘူး"

"ကောင်းတာပေါ့" ယွီယောင်သည် မျက်ခုံးပင့်ကာ ဒါရိုက်တာကြီးရှိရာသို့ ညွှန်ပြခဲ့သည်။ "ဒါဆို နောက်ထပ်ငါ့ကိုစကားမပြောနဲ့တော့။ ဒါရိုက်တာဘာပြောမလဲ နားထောင်ကြတာပေါ့"

ဒါရိုက်တာချုပ်မှာ ဂိမ်းစည်းမျဉ်းများအား တည်ငြိမ်သည့်အမူအရာဖြင့် ဆက်လက်ရှင်းပြကာ ဧည့်သည် များကြားမှ စကားပြောဆိုမှုများကို သတိမထားမိချင်ယောင်ဆောင်ခဲ့သည်။ နောက်ဆုံးရှိုးပွဲမှ ဧည့်သည် များ၏ ရလဒ်များအား ကြေငြာပြီးနောက် သူသည် ပထမရသောသူများအား သူတို့ကြိုက်သောအိမ်ကို ရွေးချယ်နိုင်ကြောင်း ကြေငြာခဲ့သည်။

ယွီဝမ်သည် ရလဒ်အဆင့်အား ကြားပြီးနောက် သူသည် ငူငူငိုင်ငိုင်ရပ်နေကာ ယွီကျွယ်အား မယုံနိုင်စွာနှင့် ကြည့်နေခဲ့သည်။ "အစ်ကိုငယ်၊ ဘယ်လိုဖြစ်ပြီး ညီမတို့အဖွဲ့က အမှတ်နည်းနည်းပဲရှိရတာလဲ။ ညီမတို့တကယ့်ဘိတ်ချီးမှာပဲ"

ယွီကျွယ်သည် ကသိကအောက်နှင့် ရယ်လိုက်သည်။ "ဒါကငါ့ကြောင့်ပါ။ ငါထုတ်လုပ်ရေးအဖွဲ့ပေးတဲ့ တာဝန်ကို ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now