Chapter 143: ဒီအန်အေ စစ်ဆေးခြင်း
သူမ မဖြစ်မနေမဟုတ်ခဲ့လျှင် ယွီဝမ်သည် သူမ၏အကြီးမားဆုံးလျှို့ဝှက်ချက်အား မဖော်ထုတ်ချင်ခဲ့ပေ။ ဤသည်မှာ သူမ၏နောက်ဆုံး နည်းလမ်းဖြစ်ခဲ့သည်။
သို့ရာတွင် ယွီဟုန်၏ယနေ့အပြုအမူမှာ ယွီဝမ်အား အလွန်စိတ်ပျက်စေခဲ့သည်။ ယွီဟုန်သည် အလွန်တည်ငြိမ်စွာ ပြုမူနေခဲ့သော်လည်း ဤတည်ငြိမ်နေမှုမှာ သူသည်သူမအားနှင်ထုတ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့်ဖြစ်သည်။
ယွီဟုန်သည် အကြင်နာတရားကင်းမဲ့သောကြောင့် သူမသည်လည်း အကြင်နာတရားကင်းမဲ့မည်ဖြစ်ကြောင်း ယွီဝမ်မှာ မကျေမနပ်တွေးလိုက်သည်။ အတိုချုပ်ပြောရလျှင် သူမသည် ဤမိသားစုအား ကောင်းမွန်စွာ နေထိုင်ရခွင့်မပြုပေ။
သူမသည် ကဲ့ရဲ့ကာ ယွီဟုန်အား ပြောခဲ့သည်။ "ဖေဖေ သမီးတို့ရဲ့ဆက်ဆံရေးအစစ်အမှန်ကို သူတို့ကိုသိခွင့်ပေးရဲလား။ သမီးကဖေဖေ့ရဲ့ တရားမဝင်သမီးမှန်းသိသွားရင် ခင်ပွန်းကောင်းနဲ့ဖခင်ကောင်းဆိုတဲ့ ပုံရိပ်ကိုဘယ်လို ထိန်းသိမ်းနိုင်မလဲ"
ဤသတင်းမှာ မြေပြန့်ပေါ်မှ မိုးခြိမ်းသံကဲ့သို့ ယွီဟုန်နှင့်ယွီဟန်အား တုန်လှုပ်သွားစေမည်ဟု ယွီဝမ်အစပိုင်းတွင်တွေးခဲ့သည်။ သို့သော် သူမစကားပြောပြီးနောက် သူတို့၏အမူအရာများမှာ တည်ငြိမ်နေသေးသည်ကို သူမသတိထားမိခဲ့သည်။
ယွီဟန်သည် စိတ်မရှည်စွာနှင့်ပင် သမ်းလိုက်ကာ ယွီဟုန်အားပြောလိုက်သည်။ "အဖေ ကျွန်တော့်ကို ဒီအခြေအနေကို စောင့်ကြည့်ခိုင်းဖို့ နေခိုင်းတာမလား။ ဒီကိစ္စကို မြန်မြန်ရှင်းပြီး ကျွန်တော့်အခန်းထဲပြန်အိပ်ခွင့်ပေးပါတော့။ ကျွန်တော် နာရီပေါင်းနှစ်ဆယ်ကျော်ကြာ အနားမယူရသေးဘူး"
ယွီဟုန်သည် သူ၏အတွေးများအား သိသွားသည့် ယွီဟန်အား စိုက်ကြည့်လိုက်သည်။ "မင်းတော်ကြောင်း ကြွားချင်နေတာလား"
ယွီဟန်သည် ပခုံးတွန့်ပြကာ ဆိုဖာပေါ်၌ အဆက်မပြတ်သမ်းနေခဲ့သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...