Part 50

2.6K 240 0
                                    

Unicode

Chapter 50: ရသစုံရှိုးစတင်ပြီ

သူမသည် အလွန်ညဉ့်နက်အထိ နေခဲ့သောကြောင့် ယွီယောင်မှာ မနိုးထလာခင် တစ်နေ့လယ်ခင်းလုံး အိပ်နေခဲ့သည်။ သူမမျက်လုံးများအား ဖွင့်လိုက်သောအခါ သူမသည် ပန်းရောင်နံရံများနှင့် အခန်းထဲ၌ ရှိနေသည်ကို သိလိုက်ရသည်။ အခန်းမှာ အိပ်မက်ဆန်ဆန် နတ်သမီးပုံပြင်ထဲမှ ပစ္စည်းများဖြင့် အလှဆင်ထားသည်။

ဤအခိုက်အတန့်၌ ယွီယောင်မှာ သူမထပ်မံ၍ ခန္ဓာကိုယ်ပြောင်းရွှေ့သွားသည်ဟု ထင်ခဲ့မိသည်။ သူမသည် ရေချိုးခန်းအား အလျင်အမြန်ရှာကာ မှန်ထဲသို့ ကြည့်လိုက်သည်။ သူမ၏မျက်နှာမှာ ယခင်အတိုင်းပင် ဖြစ်နေမှန်း သူမတွေ့လိုက်သောအခါ စိတ်သက်သာရာရသော သက်ပြင်းအားချလိုက်သည်။

ထို့နောက် ယွီယောင်သည် မှန်ဘေး၌ ကင်မရာတစ်လုံးရှိနေသည်ကို သတိပြုမိခဲ့သည်။ သူမ လှည့်ပတ်ကြည့်လိုက်ကာ ရေချိုးခန်းနှင့်အိပ်ခန်းတွင် တပ်ဆင်‌ထားသော ကင်မရာများစွာ ရှိနေသည်ကို တွေ့ခဲ့သည်။

သူမသည် ဧည့်ခန်းသို့သွားပြီး ကျယ်ပြောလှသောဧည့်ခန်း၌ ကင်မရာများစွာ ရှိသည်သာမက ထောင့်ဘက်၌ တိတ်တဆိတ်အလုပ်လုပ်နေသော ကင်မရာသမား နှစ်ယောက်လည်း ရှိနေသည်ကိုတွေ့ခဲ့သည်။

သူတို့၏ကင်မရာများမှာ ဆိုဖာပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ယွီကျွယ်အား မူလက ရိုက်ကူးနေခဲ့သည်။ သူတို့ တံခါးပွင့်သံကြားသောအခါ သူတို့သည် ယွီယောင်ဆီသို့ ကင်မရာအား ရွှေ့လိုက်သည်။

ကင်မရာမှတစ်ဆင့် ယွီယောင်၏ဆံပင်များမှာ အိပ်ထားသောကြောင့် အနည်းငယ်ရှုပ်ပွနေခဲ့သည်။ သူမသည် သူမ၏သန့်ရှင်းသည့် မျက်နှာသေးသေးလေးပေါ်တွင် မိတ်ကပ်မလိမ်းထားပဲ သူမ၏ခြေထောက်မှ ဖိနပ်များ၏ အရွယ်အစားမှာ အနည်းငယ်ကြီးနေသည်။ သူမလမ်းလျှောက်သောအခါ ဖိနပ်များမှာ မြေကြီးပေါ်တွင် နူးညံ့သည့်အသံများ ထွက်ပေါ်နေခဲ့သည်။

ယွီကျွယ်သည် ယွီယောင်၏ ခြေသံများကြောင့် လန့်နိုးသွားကာ ဆို‌ဖာပေါ်ထိုင်လိုက်သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن