63 01
Chapter 63: ဈေးကွက်
ယွီယောင်သည် ပိုက်ဆံများအား သူမ၏အိတ်ကပ်ထဲသို့ထည့်လိုက်သည်။ သူ၏ကျမ်းသစ္စာအား အလေးအနက်ထားပုံရသော ယွီကျွယ်အား ရင်ဆိုင်ရသောအခါ သူမ၏တုံ့ပြန်မှုမှာအနည်းငယ်သာဖြစ်သည်။
"ညီမတို့ကမိသားစုဆက်ဆံပုံကို ပြဖို့အဓိကအနေနဲ့ရသစုံရှိုးထဲကို ပါတာလေ။ မောင်နှမတွေဖြစ်နေပြီး အစ်ကိုကြီးကညီမလေး ကို စောင့်ရှောက်ရမယ်ဆိုရင်တောင်မှ အစ်ကို့ဂရုစိုက်မှုထဲမျက်စိစုံမှိတ်ပြီးပျော်နေလို့မဖြစ်ဘူး။ ညီမကအကူအညီပဲတောင်းပြီး ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာမသိရင် ညီမကညီမအမုန်းဆုံးလူတစ်ယောက်ဖြစ်သွားလိမ့်မယ်"
သူမသည် နှာခေါင်းရှုံ့ကာအဓိပ္ပာယ်ရှိရှိပြောလိုက်သည်။ "ဘာပြောချင်လဲအစ်ကို သိပါတယ်"
ယွီယောင်သည် တည့်တိုးမပြောသော်လည်း သူမယွီဝမ်အကြောင်းပြောသည် ကို ယွီကျွယ်အလွယ်တကူခန့်မှန်းနိုင်လိုက်သည်။ ယွီယောင်ပြောလိုက်သည့်အကြောင်းအား ယွီကျွယ်ဂရုတစိုက်စဉ်းစားနေခဲ့ကာ တိတ်တဆိတ် အံ့အားသင့်သွားသည်။
အရင်ဘဝ၌ယွီဝမ်သည် ယွီယောင်ပြောခဲ့သည့်အတိုင်းစင်စစ်ပြုမူလိုက်သည်။ သူမသည် ပစ္စည်းများတောင်းဆိုရန်သာသိပြီး သူတို့ အား မည်ကဲ့သို့ ပြန်ပေးဆပ်ရမည်ကို လုံးဝမသိခဲ့ပေ။ အဆုံး၌ သူတို့သည် ပေါင်းစည်းခဲ့ကြသည်။
သူတို့သုံးယောက်သည် ယွီယောင်အပေါ်အတူတူပင်ဖြစ်သည်။ သူမ၏အစ်ကိုကြီးများအဖြစ်သူတို့သည် သူမ၏ကြင်နာမှု သို့မဟုတ်ခံစားချက်များအား တုံ့ပြန်ရန်ဘယ်သောအခါမျှ အစမပြုခဲ့ပေ။ ဤရှုထောင့်မှကြည့်လျှင်သူတို့သည် ယွီဝမ်နှင့် အတူတူပင်ဖြစ်သည်။ သူတို့သည် လူယုတ်မာများသာဖြစ်သည်။
ယွီကျွယ်သည် ဈေးဝယ်ရန်သွားသည့်လမ်းတစ်လျှောက်လေးလံလှသည့်အတိတ်အကြောင်းအား တွေးနေမိကာ မပျော်မရွှင် ဖြစ်ပြီးစကားမပြောခဲ့ပေ။
သူသည် ယွီယောင်နောက်တိတ်တဆိတ်လိုက်သွားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ယွီယောင်သည် သူ့အား ရပ်ကွက် ထဲရှိစီးပွားဖြစ်စူပါမားကတ်ကြီးဆီသို့ မခေါ်သွားကြောင်းသူနောက်ဆုံး၌သိလိုက်ရသည်။ ထိုအစားသူမသည် သူ့အား ရပ်ကွက် အပြင်ဘက်သို့ခေါ်သွားကာ လျှပ်စစ်စကူတာမျှဝေသည့်မှတ်တိုင်သို့ခေါ်သွားလိုက်သည်။

VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...