Part 160

2.3K 78 9
                                    


Chapter 160: အဆုံးသတ်

"မင်းက မင်းအစ်ကိုဖြစ်တဲ့ ငါ့ကိုဂရုမစိုက်ဘူးလေ။ အမေ့ရဲ့ခံစားချက်တွေကိုလည်း ဂရုမစိုက်ဘူးလား။ သူကငါတို့ကို အမြဲကြင်နာဖို့ သင်ပေးခဲ့တာပဲ။ မင်းလုပ်တာတွေသူသိသွားခဲ့ရင် သူသေချာပေါက်ဝမ်းနည်းနေလိမ့်မယ်..."

"အမေ့အကြောင်းထပ်မပြောဖို့ ငါမင်းကိုပြောထားတယ်လေ" A3သည် သူ၏ခါးမှ အခြာူပစ္စတိုသေနတ်အား ရုတ်တရက်ဆွဲထုတ်လိုက်ကာ ရှောင်းလျန်၏ဦးတည်ရာသို့ အဆက်မပြတ်ပစ်ခတ်နေခဲ့သည်။ သူသည်ပစ်ရင်းနှင့် ရှေ့သို့တိူးလာပြီး ရဲများ၏ဝန်းရံထားမှုထဲ အကြောက်အလန့်မရှိတိုးဝင်လာခဲ့သည်။ ရဲများမှာ ပြင်ဆင်ထားပြီးဖြစ်ကာ A3အားထိန်းချုပ်ရန် ရှေ့သို့တိုးလာခဲ့သည်။

ရှောင်းလင်အားရဲများမှ ရဲကားသို့ခေါ်ဆောင်လာသည်ကို ရှောင်းလျန်ကြည့်နေခဲ့သည်။ တစ်ခဏတာ သူသည်မလှုပ်ရှားခဲ့ပေ။ သူရှိနေသည့်နေရာတွင်သာ မတ်တပ်ရပ်နေခဲ့ပြီး စီးကရက်အား ဖြည်းညှင်းစွာသောက်နေခဲ့သည်။ သူသည် သူ၏မှတ်ဉာဏ်ထဲမှ ‌နူးညံ့သိမ်မွေ့သော သူ၏မိခင်ဖြစ်သူအားမြင်တွေ့သည့်အလား ကောင်းကင်ထဲမှတိမ်များကို ကြည့်နေခဲ့ကြသည်။

"မေမေ နောက်ဆုံးတော့ ကျွန်တော်ရှောင်းလင်ကို တွေ့ခဲ့ပေမယ့် သူ့ကိုတစ်သက်လုံး ဆုံးရှူံးရတော့မယ့်ပုံပဲ..."

တကယ်တမ်းတွင် ရှောင်းလျန်သည် A3မှာ သူ၏ညီငယ်ဖြစ်ကြောင်း အစပိုင်းတွင် မသိခဲ့ပေ။ သူသည် လွန်ခဲ့သောအချိန်တစ်ချို့က တရုတ်ပြည်သို့လာရန် အခွင့်အရေးယူကာ ရဲတစ်ယောက်အသက်ပေးခဲ့‌သော အုတ်ဂူတွင်ပေါ်လာခဲ့သည်။ ဤသဲလွန်စအရ ရှောင်းလျန်သည် စောင့်ကြည့်ကင်မရာများစွာအား စုံစမ်းကာ A3၏ပုံပန်းသွင်ပြင်ကို တွေ့ခဲ့သည်။ ထိုအခါမှသာ သူနှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ညီငယ်ဖြစ်နေသည်ကို အမှတ်ရခဲ့သည်။

ထိုအချိန်က ရှောင်းလင်နှင့်သူတို့၏မိခင်အား ဓားပြများမှ ပြန်ပေးဆွဲသွားခဲ့သည်။ ဓားပြတိုက်သူများမှာ ကြီးမားသောပိုင်ဆိုင်မှုများအား တောင်းဆိုခဲ့သော်လည်း သူတို့သည် ဓားစာခံများအား ပြန်မလွှတ်ခဲ့ပေ။ ဓားပြများမှာ သူတို့၏လှပသောမိခင်နှင့် ငယ်ရွယ်သောရှောင်းလင်အား ခေါ်ဆောင်သွားခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang