93 01
Chapter 93: အလုပ်အဖွဲ့
ပြီးပြည့်စုံသော စက်မှုစက်ကွင်းနှင့် အရင်းအနှီးစီးဆင်းမှုလမ်းကြောင်းအား ကိုင်တွယ်ပြီးသည့်နောက် စိတ်ကျန်းမာရေးဆေးရုံတွင် နောက်ကွယ်မှပါဝင်နေသော အလွန်ကြီးမားသည့်ကွန်ရက်ကြီးတစ်ခုအမှန်တကယ်ရှိနေသည်ကို အလုပ်အဖွဲ့မှ အတည်ပြုခဲ့သည်။
စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည့် လူနာများထဲတွင် ငယ်ရွယ်၍လှပသော အမျိုးသမီးအချို့အား စိတ်ကျန်းမာရေးဆေးရုံစဒါရိုက်တာမှ ခေါ်ကာ အရှက်တကွဲဖြစ်အောင်လုပ်၍ အွန်လိုင်း၌ ရောင်းချခြင်းခံရသည်။
လူနာသေဆုံးပြီးနောက် သူတို့သည် လူနာဆီမှ ရိုးတွင်းခြင်ဆီ၊ မျက်ကြည်လွှာ၊ နှလုံး၊ ကျောက်ကပ် အစရှိသည့် အဖိုးတန်အင်္ဂါများအား ဖယ်ရှားခဲ့သည်။
အဆိုးဆုံးအရာမှာ ဝယ်သူတစ်ဦးမှာ နည်းအမျိုးမျိုးဖြင့် ကိုယ်တွင်းအင်္ဂါလဲလှယ်သောအပိုင်းသို့ ဝင်ရောက်ကာ သူတို့လိုအပ်သောအင်္ဂါများအား စာရင်းပြုစုသောအခါ စိတ်ကျန်းမာရေးဆေးရုံ၏စာရင်းတွင် သင့်လျော်သော ကိုယ်တွင်းအင်္ဂါမရှိပါက သူတို့သည် အသက်ရှင်ကျန်ရစ်နေသော လူနာများကြား လိုက်ဖက်မှုရှိသူများကိုလည်း ရွေးချယ်ကာ ဝယ်သူမှာ သူတို့ဆီကလိုအပ်သော ကိုယ်တွင်းအင်္ဂါများအား ထုတ်ယူသွားမည်ဖြစ်သည်။
တစ်ခါတစ်ရံ၌ မေ့ဆေးသည် အင်္ဂါများအားဖျက်ဆီးခြင်းမှ တားဆီးရန်အတွက် စိတ်ကျန်းမာရေးဆေးရုံသည် နစ်နာသူများအား မေ့ဆေးပင်မပေးဘဲ သူတို့၏ဗိုက်အား တိုက်ရိုက်ဖွင့်ချသည်။
သို့သော် စိတ်ကျန်းမာရေးဆေးရုံမှ ကျူးလွန်ထားသော ပြစ်မှုများမှာ ဤအရာထက်ပိုနိုင်သေးသည်။ သူတို့သည် မသေဆုံးသေးသော လူနာများအား တဏှာထသောဝယ်သူများအချို့ထံ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးတတ်သည်။ အမျိုးသမီးနစ်နာသူများအချို့ သေဆုံးပြီးသည့်နောက် သူတို့သည် အေးချမ်းမှုမရနိုင်သေးပေ။ သူတို့၏အရိုးပြာများသည် သူတို့သေဆုံးပြီးနောက် ဒုတိယဘဝနှင့်ပတ်သက်၍ အယူသီးသော သေလုမျောပါးဖြစ်နေသည့် အမျိုးသားများနှင့်အတူ ရေစက်ပါရန် စိတ်ကျန်းမာရေးဆေးရုံမှ ရောင်းချလိမ့်မည်ဖြစ်သည်။
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...