76 01
Chapter 76: ရည်ရွယ်ချက်အစစ်အမှန်
ယွီဝမ်သည် အလွန်အလွယ်တကူ ထွက်မသွားချင်ခဲ့ပေ။ သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့် ညီမက ကျောင်းမဟုတ်ရင်အိမ်မှာပဲ နေခဲ့ရတာလေ။ အဲ့လိုပြည်သူ့ဆက်ဆံရေးစောင့်ကြည့်မှုဌာနရဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ ညီမဘယ်လိုလုပ်ပြီး သူတို့နဲ့ပူးပေါင်းရမလဲ"
ယွီလန်နှင့်ယွီဟန်သည် သူတို့၏ယခင်ခန့်မှန်းချက်များအား အတည်ပြုခဲ့သည်။ ယွီဝမ်သည် အမှန်တကယ်ပင် ကုမ္ပဏီထဲသို့ဝင်ချင်နေခဲ့သည်။ ညီအစ်ကိုနှစ်ယောက်သည် အချင်းချင်းနားလည်မှုရှိနေခဲ့သည် မှာ ကြာပါပြီ။ အကြည့်တစ်ချို့နှင့်ပင် သူတို့သည် အချင်းချင်း၏အတွေးများအား အတည်ပြုခဲ့ကြသည်။ သူတို့သည် ယွီဝမ်၏ ဆန္ဒများအား ယာယီဖြည့်ဆည်းပေးရန် သဘောတူခဲ့ကြသည်။ သူမအား ကုမ္ပဏီထဲထည့်ပြီးသည့်နောက် သူမ၏လှုပ်ရှားမှုများကို အကဲခတ်ရန် ပို၍လွယ်ကူလိမ့်မည်။
ယွီလန်သည် မပြောခင်တွင် အလေးအနက် တွေးဟန်ဆောင်ကာ အချိန်ခဏကြာတိတ်ဆိတ်နေခဲ့သည်။ "ယွီဝမ် နင်ပြောတာကအဓိပ္ပာယ်ရှိတယ်။ အရင်က နင့်ရဲ့အစ်ကိုလတ်နဲ့အစ်ကိုငယ်တွေက ကုမ္ပဏီမှာလုပ်ဖို့ အမြဲငြင်းဆန်ခဲ့ကြပေမယ့် ငါနင့်ကိုတကယ်တော့ မေ့သွားခဲ့တာ။ နင်ကတက္ကသိုလ်တောင်ရောက်နေပြီပဲ။ နင်ဆောင်းတွင်းနဲ့နွေရာသီပိတ်ရက်တွေမှာ အလုပ်သင်အတွက် ကုမ္ပဏီရဲ့အလုပ်ပတ်ဝန်းကျင်နဲ့ အလုပ်လုပ်ပုံတွေကို နင်နဲ့ရင်းနှီးအောင်လာလို့ရတယ်။ ဘွဲ့ရပြီးရင် ကုမ္ပဏီကိုဝင်ဖို့ နင့်အတွက်ကွက်တိဖြစ်လိမ့်မယ်"
သူမသည် အလွန်လွယ်ကူစွာ ကုမ္ပဏီထဲသို့ဝင်လာရန် အခွင့်အရေးရလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။ ယွီဝမ်သည် သူမ၏မျက်နှာပေါ်မှ အံ့အားသင့်မှုအား မဖုံးကွယ်နိုင်ခဲ့ပေ။ ကံကောင်းစွာနှင့် သူမသည် ယွီမိသားစုနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကာ သူမ၏စစ်မှန်သည့်ခံစားချက်များအား တစ်ချိန်လုံးဖုံးကွယ်နိုင်ခဲ့သည်။ သူမသည် အလျင်အမြန်ပင် သူမ၏မျက်နှာပေါ်မှအံ့အားသင့်မှုအား အံ့အားသင့်စရာအဖြစ်ပြောင်းလဲကာ အလေးပေးမှုကြောင့် စိတ်ထဲ၌ပျော်ရွှင်ဟန်ဆောင်ခဲ့သည်။
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...