Part 74

1.9K 159 0
                                    

74 01

Chapter 74: ကုမ္ပဏီအစည်းအဝေး

ယွီဝမ်သယ်ဆောင်လာသော လူထုအမြင်အကျပ်အတည်းအား မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်ကို‌ ဆွေးနွေးပြီးသည့်နောက် ယွီလန်နှင့် ယွီဟန်တို့သည် စတင်ဆောင်ရွက်ခဲ့ကြသည်။

ယွီဝမ်၏ဖုန်းသံ မြည်လာခဲ့သည်။ သူမသည် ခေါ်သူအားကြည့်လိုက်ပြီး သရော်ဟန်ပြုံးမိသွားသည်။

ဤသည် မှာ ယွီလန်မှသူမအား လွန်ခဲ့‌သည့်လအနည်းငယ်တွင် စတင်ဖုန်းခေါ်ဆိုသည် မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အွန်လိုင်းပေါ်မှအငြင်းပွားမှုကြောင့်သာ မဟုတ်ခဲ့လျှင် ဤအစ်ကိုသည် သူမအား ညီမအဖြစ်ရှိနေကြောင်း မှတ်မိကောင်းမှတ်မိလိမ့်မည် မဟုတ်ပေ။

သူမဖုန်းအား ကောက်ကိုင်လိုက်သောအခါ သူမ၏အသံမှာ ယခင်ကဲ့သို့ ချိုသာမြဲဖြစ်ကာ အံ့ဩသည့် သဲလွန်စကိုပင်ပြသခဲ့သည်။ "အစ်ကိုကြီး။ ညီမအရမ်းလွမ်းနေခဲ့တာ။ အစ်ကို့မှာနောက်ဆုံးတော့ ညီမကိုဆက်သွယ်ဖို့ အချိန်ရှိပြီပဲ"

"နင်အချိန်ရရင် ငါ့ရုံးခန်းကိုလာခဲ့။ ငါနင်နဲ့ဆွေးနွေးစရာရှိတယ်"

ယွီလန်၏အသံမှာ စီးပွားရေးဆန်ကာ သူပျော်နေသည် လား သို့မဟုတ် ဝမ်းနည်းနေ‌သည် လားကို ယွီဝမ်မပြောနိုင်ပါ။ သူသည် ယွီလန်၏အတွေးများအား နားမလည်နိုင်သောကြောင့် သူမသည် သူ့အားဖုန်းကိုင်ထားရင်း တမင်တကာမထားခဲ့ရဲပါ။ ခဏတာတွေးပြီးနောက် သူမပြောခဲ့သည်။ "ညီမဒီနေ့လယ် အချိန်ရှိပါတယ်။ ဘာကိစ္စများရှိလို့လဲ အစ်ကိုကြီး"

ယွီလန်သည် ဖုန်းပေါ်တွင်ဆက်လက်အချိန်မဖြုန်းချင်တော့သောကြောင့် ပွင့်ပွင့်လင်းလင်းသာပြောခဲ့သည်။ "နင်ရုံးကိုလာရင်သိလိမ့်မယ်။ ယွီဟန်လည်းအဲ့မှာရှိနေလိမ့်မယ်"

ဖုန်းချပြီးသည့်နောက် ယွီဝမ်မှာ စိတ်မသက်မသာဖြစ်နေခဲ့သည်။

အင်တာနက်ပေါ်မှ ကြီးမားလှသော လူထုအမြင်များအပေါ် ယွီလန်၏သဘောထားအား သူမမသိခဲ့ပေ။ ဖုန်းပြောဆိုမှုမှ ယွီလန်သည် အင်တာနက်ပေါ်မှ ယွီမိသားစုအပေါ်မကောင်းသည့်မှတ်ချက်များအား စိတ်ထဲတွင်မရှိသကဲ့သို့ အလွန်တည်ငြိမ်နေခဲ့သည်။ သို့သော်၎င်းသည် ဤလူထုအမြင်၏အကျပ်အတည်းကြောင့် မဟုတ်ခဲ့လျှင် ယွီလန်သည် သူမအား အဘယ်ကြောင့်ရှာခဲ့သနည်း။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Onde histórias criam vida. Descubra agora