100 01
Chapter 100: ဘဝနှင့်ရင်း၍
ဗီဒီယိုထဲတွင် စွန်းလင်သည် ဆုဟယ်၏ပုံပြင်အား ပြောပြပြီးခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ယခုတိုင်ဘာအမူအရာမျှမရှိသော်လည်း သူ၏လက်များမှာ အထိန်းအချုပ်မရှိတုန်ရီနေခဲ့သည်။
သူ၏အသံမှာ သဲစက္ကူနှင့်ခြစ်ထားသည့်အလား ခြောက်သွေ့ကာ စိတ်မသက်မသာဖြစ်နေခဲ့သည်။
"ကျွန်တော် ဆုဟယ်ကို အသုဘတောင်မပို့ပေးနိုင်ခဲ့ဘူး။ ရဲတွေက သူ့ရဲ့အစိတ်အပိုင်းတွေကို ပြန်ဆက်ပေးလို့မရတာ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ သူ့ရဲ့ကျောက်ကပ်နဲ့မျက်ကြည်လွှာကိုဝယ်သွားခဲ့ကြတယ်။ ဝယ်သူကို ရဲတွေကမဖမ်းနိုင်ခဲ့ဘူး..."
စွန်းလင်၏ပါးစပ်ထောင့်များမှာ မြှောက်တက်သွားကာ သူ၏မျက်နှာပေါ် ရူးကြောင်ကြောင်အမူအရာ ပေါ်လာခဲ့သည်။ "ဘာကြောင့်လဲ။ ဘာလို့ရဲတွေကနောက်ကျမှလာရတာလဲ။ အဲ့တုန်းကသူတို့ရဲတွေကိုခေါ်လိုက်တော့ လူဆိုးတွေကဘာလို့အပြစ်ပေးမခံရတာလဲ။ အခုမှဘာလို့ ထဖြစ်ရတာလဲ။ ကျွန်တော်အဲ့လူတွေရဲ့ သရုပ်မှန်တွေကို ဖော်ထုတ်လို့ပြီးပြီ။ စိတ်ကျန်းမာရေးဆေးရုံမှာ ဆုဟယ်ကိုနာကျင်စေခဲ့တဲ့ လူတွေကိုလည်းသတ်ခဲ့ပြီးပြီ။ ခင်ဗျားတို့ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပဲထပ်ပေးပါ။ အချိန်နည်းနည်းလောက်ပဲထပ်ပြီး..."
သူသည်ကင်မရာအား ဒေါသတကြီးအော်ဟစ်နေကာ ဗီဒီယိုမှာရပ်သွားခဲ့သည်။
ဤဗီဒီယိုသည် အင်တာနက်ပေါ်တွင် ကြီးမားသောတုံ့ပြန်မှုတစ်ခု ဖြစ်စေခဲ့သည်။ လူတိုင်းမှာ ဖြောင့်မတ်သော ဒေါသစိတ်များနှင့် လူထုသည်ထိုမျှလောက် မစည်းလုံးခဲ့ဘူးပေ။ နေ့တိုင်း တစ်ယောက်ယောက်မှာ ရဲဌာနတရားဝင်အကောင့်အား အမှု၏တိုးတက်မှုအကြောင်း မေးကြသည်။ အင်တာနက်တွင် ချက်ချင်းပင် ဝမ်းနည်းပူဆွေးရန် ပွဲများစီစဉ်ပေးခဲ့သည်။ အင်တာနက်သုံးစွဲသူများသည် နစ်နာသူများအတွက် မတရားမှုအား အမြန်ရှင်းလင်းပေးရန် ရဲတပ်ဖွဲ့အား နှိုးဆော်ကာ ဆုဟယ်အပါအဝင် နစ်နာသူများအတွက် ဝမ်းနည်းပူဆွေးပေးခဲ့ကြသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...