Part 152

628 62 1
                                    


Chapter 152: စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာ

ယွီယောင်၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ အစပိုင်းတွင် သူမ၏မိသားစုမှာ မည်သည့်အရာမျှ ထူးဆန်းသည်ကို သတိမထားမိခဲ့ပေ။ ယွီယောင်သည် အနားယူချင်သည်ဟူ၍သာ သူတို့ထင်ခဲ့ကြသောကြောင့် သူတို့သည် သူမအား သူမ၏အခန်းထဲ အိပ်ခွင့်ပေးခဲ့သည်။

သို့သော် နောက်တစ်နေ့နံနက်တွင် ယွီယောင်သည် မနိုးလာသေးသောအခါ ယွီမိသားစုသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု နောက်ဆုံးသဘောပေါက်သွားခဲ့သည်။

သူတို့သည် သူမအား မည်မျှပင်ခေါ်နေစေကာမူ ယွီယောင်သည် သူမ၏ချိုသာသော အိပ်မက်များထဲ၌ နစ်မြောနေဆဲပင်ဖြစ်သည်။

မဟုတ်ပါ။ လက်ရှိယွီယောင်မှာ သတိမရှိသကဲ့သို့ အိပ်မပျော်လွန်းပါ။

မိသားစုဆရာဝန်အား အမြန်ရှာတွေ့ခဲ့သည်။ ပဏာမစစ်ဆေးပြီးသည့်နောက် ဆရာဝန်သည်လည်း ဘာမှမသိသည့်ပုံပေါ်သည်။

သူသည်မျက်မှောင်ကြုတ်ကာ ယွီဟုန်အား‌ပြောလိုက်သည်။ "မစ္စတာယွီ ကျွန်တော် တောင်းပန်ပါတယ်။ ဒီကအခြေအနေတွေက ကန့်သတ်ထားတာကြောင့် ကျွန်တော်မမလေးယွီအတွက် အသေးစိတ်စစ်ဆေးမှုမျိုးမလုပ်ပေးနိုင်ပါဘူး။ သူ့ခန္ဓာကိုယ်ကဒဏ်ရာမရတဲ့ပုံဆိုပေမယ့် အသေးစိတ်စစ်ဆေးမှုအတွက် ဆေးရုံကိုသွားသင့်တယ်လို့ အကြံပေးချင်ပါတယ်"

ထို့ကြောင့် ယွီယောင်သည် ဆေးဝါးကုသမှု အမြင့်ဆုံးအဆင့်ရှိ‌သော နိုင်ငံ၏ဈေးအကြီးဆုံး ပုဂ္ဂလိကဆေးရုံသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဆရာဝန်သည် ယွီယောင်အတွက် အသေးစိတ်စစ်ဆေးမှုအား ပြုလုပ်ခဲ့သည်။ စက်ကိရိယာများ၏ ဝါယာကြိုးများမှာ ယွီယောင်၏ခေါင်းဆီသို့ ချိတ်ဆက်ထားကာ သူမအားသိပ္ပံဝတ္ထုရုပ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်တွေ့နေရသည်။

ဆရာဝန်များနှင့်သူနာပြုများ၏ ခြယ်လှယ်မှုအောက်တွင် ယွီယောင်သည် မည်သို့မျှတုံ့ပြန်ခြင်းမပြုခဲ့ပေ။ ဤသည်မှာ ယွီမိသားစု၏ရင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူတို့သည် အခက်အခဲများနှင့်ဂရုတစိုက် သူ၏စစ်ဆေးမှုအား ပြီးမြောက်ရန် လုပ်နေသော ဆရာဝန်အား စောင့်ဆိုင်းကာဝန်းရံထားခဲ့ကြသည်။ သူတို့သည် တရားသူကြီး၏စီရင်ချက်ချခြင်းကို စောင့်နေသည့်အလား မျှော်လင့်ချက်ပြည့်နေသော မျက်လုံးများနှင့် ဆရာဝန်အားကြည့်ခဲ့ကြသည်...

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Onde histórias criam vida. Descubra agora