99 01
Chapter 99: ကျွန်တော့်ချစ်သူ
"ကျွန်တော်ဆေးကုသမှုခံယူဖို့ သရုပ်မှန်ကိုမသုံးရဲခဲ့ဘူး။ ဦးနှောက်ပြဿနာရှိနေတဲ့ လူတစ်ယောက်အနေနဲ့ဟန်ဆောင်ပြီး ကျွန်တော့်ရဲ့ဒဏ်ရာတွေပြန်ကောင်းလာဖို့ နှစ်ဝက်လောက် ကယ်ဆယ်ရေးစခန်းမှာနေခဲ့ရတယ်။ ကျွန်တော့်မိဘတွေကို ပြန်ရှာဖို့သွားခဲ့ပေမယ့် ကျွန်တော်ပြဿနာတက်နေတဲ့အခါ မိဘတွေက ကြေကွဲစရာယာဉ်တိုက်မှုဖြစ်ပြီး ချက်ချင်းဆုံးသွားတာကို ကျွန်တော်သိလိုက်ရတယ်။ အဲ့ဒါက အဲ့ဒီပွဲကြီးတွေကြောင့်ပဲဆိုတာ ကျွန်တော်သိတယ်..."
"ဆုဟယ်ဘာတွေဖြစ်သွားခဲ့လဲ ကျွန်တော်မတွေးရဲခဲ့ဘူး။ သူကအဲ့အကောင်တွေအတွက် အရုပ်တစ်ရုပ် ဒါမှမဟုတ် သေသွားတယ်လို့ ထင်ခဲ့တယ်။ မထင်ထားတာက ကျွန်တော်ပွဲကြီးတစ်ခုကို စီစဉ်နေတုန်း သူကဆုဟယ်ကို စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်တာ ကျွန်တော်သိသွားလို့ ကျွန်တော်လည်း အဲ့ဒီစိတ်ကျန်းမာရေးဆေးရုံကို ဝင်ဖို့ကြိုးစားခဲ့တယ်..."
စွန်းလင်ပြောနေသည်မှာ သနားစရာကောင်းသော ပုံပြင်တစ်ပုဒ်ဖြစ်သည်။
ဆုဟယ်သည် ချမ်းသာ၍အင်အားကြီးသော သူဌေးများ၏လက်ထဲ၌ အရုပ်တစ်ရုပ်ဖြစ်ခဲ့ရသည်။ သို့သော် စိတ်ဝင်စားမှုလျော့နည်းသွားပြီးနောက် သူဌေးများသည် ဆုဟယ်အား ယခင်ကလူများစွာမှ ကစားခြင်းခံခဲ့ရသည်ဟု ပြန်အမှတ်ရခဲ့သောကြောင့် သူမကိုယုတ်ညံ့လွန်းသည်ဟု ရှုတ်ချခဲ့ကြသည်။ သူမအားစွန့်ပစ်လိုက်လျှင် သူမသည်လူထုထဲဘာပြောလိမ့်မည်ကို သူတို့စိုးရိမ်နေခဲ့ကြသည်။ သူတို့သည်သူမအားရှင်းပစ်ချင်သော်လည်း ဤကဲ့သို့လှပသည့်အရာအား ဖယ်ရှားချင်စိတ်မရှိခဲ့ကြပေ။ ထို့ကြောင့်သူဌေးများသည် ဆုဟယ်အား စိတ်ကျန်းမာရေးဆေးရုံသို့ပို့ကာ သူမအားတင်းကျပ်စွာ ဆုံးမရန် စိတ်ကျန်းမာရေးဆေးရုံသို့ရောက်သွားခဲ့သည်။
ဆုဟယ်မှာ လူမဆန်သောနှိပ်စက်မှုမျိုး ခံစားခဲ့ရသော်လည်း သူမ၏စိတ်မှာရှင်းလင်းနေခဲ့သည်။ သူမသည် စိတ်ကျန်းမာရေးဆေးရုံမှ လွတ်မြောက်နိုင်သည်ဟု ထင်ခဲ့သော်လည်း စိတ်ကျန်းမာရေးဆေးရုံအား ပို၍မှောင်မိုက်သောငရဲဟု မထင်ထားခဲ့မိပေ။
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...