103 01
Chapter 103: အမြင်များ
ဆန္ဒပြမှုအတိုင်းအတာသည် ပို၍ကြီးသထက်ကြီးလာခဲ့သည်။ သာမန်လူများသည် တိတ်ဆိတ်နေသော ဆန္ဒပြသူများအား ပါဝင်ခဲ့ကြသည်။ သူတို့သည် နေပူပူနှင့် မိုးဖွဲဖွဲအောက်တွင် ထိုင်ခဲ့ကြကာ ညရောက်သည့်တိုင်အောင် လှုပ်ရှားရန်ငြင်းဆန်ခဲ့ကြသည်။
တက္ကသိုလ်ဝင်းထဲ၌ ကျောင်းသားများစွာလည်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသည်။
ပါမောက္ခများမှာ ကျောင်းသားများအား သူတို့၏စာများကိုသာ အာရုံစိုက်ရန်နှင့် တခြားနေရာ၌ သူတို့၏စွမ်းအင်ကို အကုန်မခံရန် ထပ်ခါတလဲလဲညွှန်ကြားခဲ့ကြသော်လည်း ကျောင်းသားများသည် မည်ကဲ့သို့ သူတို့၏စာများကိုဆက်သွားရန် စိတ်ပါနေနိုင်မည်နည်း။
လူအချို့သည် ရဲစခန်းဝင်ပေါက်၌ ဆန္ဒပြရန် အတန်းများမရှိသည်ကို အခွင့်ကောင်းယူကာ အခြားသူများမှာ ရဲစခန်းပြင်ပ၌ ဟင်းလင်းပြင်ထဲတွင်နေရန် သူတို့၏အတန်းအားလုံးအား ပျက်ကာလျစ်လျူရှုခဲ့သည်။
ယွီယောင်သည် အတန်းထဲမှ ကျောင်းသားများအရေအတွက်မှာ လျော့နည်းနေသည်ကို သတိပြုမိခဲ့သည်။ တက္ကသိုလ်ကျောင်းသားများစွာမှာ အစပိုင်း၌ အတန်းပျက်ကြသော်လည်း ဤနှစ်ရက်အတွင်း အတန်းထဲမှကျောင်းသားအရေအတွက်မှာ လျစ်လျူရှု၍မရနိုင်သော အခြေအနေတစ်ခုအထိရောက်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိ ပါမောက္ခများသည်လည်း တက်ရောက်ခြင်းကောက်ခံသည်ကို ရပ်ဆိုင်းခဲ့သည်။ ခေါင်းလောင်းတီးသည့်အချိန်တိုင်း သူတို့သည် သင်ခန်းစာများကို ခြောက်ကပ်ကပ်သာရှင်းပြခဲ့ကြသည်။ သူတို့သည် ယခင်ကကဲ့သို့ လေထုအားတက်ကြွလာအောင် မပြုလုပ်ကြတော့ပေ။ ယွီယောင်နှင့် အတန်းသို့လာသော ကျောင်းသားများမှာလည်း တိတ်ဆိတ်နေခဲ့ကြသည်။
တိတ်ဆိတ်နေသော အတန်းထဲရှိ လေထုမှာ ခြောက်ကပ်နေခဲ့သည်။
ခေါင်းလောင်းသံကြားပြီးသည့်နောက် စင်ပေါ်မှ ပါမောက္ခသည် သူ၏ပစ္စည်းများအား ထုပ်ပိုးနေခဲ့သည်။ သူသည် အတန်းထဲရှိ ကျောင်းသားနည်းနည်းကိုကြည့်လိုက်ကာ ခေါင်းကိုခါ၍ သက်ပြင်းချခဲ့သည်။ သူသည် အိမ်စာမပေးဘဲ အတန်းထဲမှ ထွက်သွားခဲ့သည်။

CZYTASZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...