119 01
Chapter 119: ပထမဆုံးလက်ဆောင်
ထိုလူ၏အကြည့်မှာ နူးညံ့ကာ သူ၏လူတစ်ယောက်လုံးနှင့် အလွန်ဆင်တူနေခဲ့သည်။ သူတို့နှစ်ယောက်လုံးတွင် ကမ္ဘာကြီးနှင့်ဆန့်ကျင်ဘက်ဖြစ်သော ခံစားချက်မျိုးရှိနေခဲ့ကြသည်။
ယွီယောင်နှင့်ယွီလန်တို့၏မျက်နှာများအား ရှင်းလင်းစွာမြင်ရသောအခါ သူသည်ရင်းနှီးသည့် သူငယ်ချင်းကောင်းများအား မြင်လိုက်ရသကဲ့သို့ ပြုံးပြခဲ့သည်။
သို့သော် သူ၏အကြည့်မှာ ယွီယောင်အပေါ်သို့ ပို၍ကျရောက်နေခဲ့သည်။
သူသည်ပြုံးပြ၍ ယွီယောင်အား တစ်စုံတစ်ခုအား ပါးစပ်မှပြောလိုက်သောအခါ သူ၏ရှည်လျား၍ဖျော့တော့နေသော လက်ချောင်းများမှာ သူ၏မေးစေ့အား နူးညံ့စွာထိနေခဲ့သည်...
ယွီယောင်၏ခန္ဓာကိုယ်မှာ ချက်ချင်းတောင့်တင်းသွားခဲ့သည်။ သူမသည် ထိုလူမှ "ပထမဆုံးလက်ဆောင်ကို ကြိုက်လား" ဟူ၍ ပြောလိုက်သည်ကို ရှင်းလင်းစွာမြင်နေခဲ့ရသည်။
သူသည် ထိုအဖွဲ့အစည်းမှ ကောင်စုတ်များထဲမှ တစ်ယောက်ဖြစ်နေသည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ပြင်သူသည်ရာထူးမြင့်ကာ ယွီယောင်အပေါ်များစွာ ဂရုစိုက်နေခဲ့ကာ သူ့ကိုယ်သူရုပ်ဖျက်ပြီး သူမနှင့်အင်တာနက်နည်းပညာအကြောင်း ဆွေးနွေးခဲ့သော A3ပင်ဖြစ်သည်။
ယွီယောင်သည် သူ့ဆီသို့ပြေးသွားခဲ့သည်။ "နင်ခွေးကောင်။ နင်အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ထားခဲ့တာမလား"
ယွီလန်သည်လည်း ထိုလူက ယွီယောင်အား ဘာပြောနေသည်ကိုလည်း မြင်ခဲ့သည်။ သူ၏ဒေါသမှာ ယွီယောင်နှင့်အတူတူပင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားသောလူမှာ သူ၏သူငယ်ချင်းပင်ဖြစ်သည်။ သို့သော် ယွီလန်သည် ယွီယောင်ထက် ပို၍ပင် တည်ငြိမ်နေသေးသည်။ သူသည်ထိုအန္တရာယ်ရှိသောလူဆီသို့ သေချာပေါက်နီးကပ်စေခွင့် မပြုနိုင်သည်ကို သူသိနေခဲ့သည်။ ထိုကဲ့သို့အကန့်မရှိသော ရူးနေသည့်လူမှာ ဘာလုပ်မည်ကို မည်သူကသိနိုင်မည်နည်း။
သူသည်သူမအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ "ယောင်ယောင်၊ စိတ်အေးအေးထား။ သူ့နားမသွားနဲ့"

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...