Part 69

1.8K 166 0
                                    

69 01

Chapter 69: ပရိသတ်များ၏တုံ့ပြန်မှု

စိတ်အလှုပ်ရှားဆုံးသူများမှာ ယွီကျွယ်၏ပရိသတ်များပင် ဖြစ်သည်။ သူတို့သည် ရသစုံရှိုးမှတစ်ဆင့် အတိတ်မှ အလွန်ကွာခြားသော အနုပညာရှင်အား တွေ့ခဲ့ရသည်။

စတိတ်စင်ပေါ်နှင့် အင်တာဗျူးများတွင် ရိုင်းစိုင်း၍ရိုးသားကာ ဆန်းကြယ်လေ့ရှိသော ယွီကျွယ်မှာ ယွီယောင်၏အရှေ့တွင် မည်သည့်အချိန်မဆို ၎င်း၏အမြီးအား လှုပ်ခါကာ သခင်အား စိတ်ကျေနပ်စေသည့် ခွေးကလေးကဲ့သို့ ဖြစ်သည်။ သူလုပ်သမျှ အရာအားလုံးသည် သူ၏ညီမအား ပျော်ရွှင်နိုင်အောင် လုပ်သည့်ပုံရသည်။ သူသည် အပြုသဘောဆောင်သည့် တုံ့ပြန်ချက်တစ်ချို့ ရရှိ‌သရွေ့ သူ အလွန်ပျော်ရွှင်လိမ့်မည် ဖြစ်သည်။

အစပိုင်း၌ ပရိသတ်များမှာ ဤကဲ့သို့ နွေးထွေးသော အနုပညာရှင်အား ကြိုက်နှစ်သက်ခဲ့ကြသော်လည်း အပိုင်းပြည့် ကြည့်ပြီးသည့်နောက် အချို့ပရိသတ်များမှာ သူတို့၏အနုပညာရှင်သည် မတရား ဆက်ဆံခံရသည် ဟု ခံစားခဲ့ကြရသည်။

"သူတို့တွေက မောင်နှမတွေဖြစ်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြပေမဲ့ အစ်ကိုဖြစ်သူက အရမ်းနှိမ့်ချနေသလိုပဲ"

"ဟုတ်တယ်။ အစ်ကိုဖြစ်သူက ယွီယောင်နဲ့အတူရှိတိုင်း သူက သူ့ညီမ‌ မပျော်အောင် လုပ်မိမှာ ကြောက်သလိုနဲ့ နည်းနည်း သတိထားနေသလိုပဲ"

"နင်တို့တွေ သတိထားမိလား။ ယွီယောင်က သူ့အစ်ကိုကို အတော်လေး စိတ်မရှည်တဲ့ပုံပဲ"

"နင်တို့တွေ အရမ်းအတွေးလွန်နေပြီ။ ယွီယောင်လည်း အစ်ကိုဖြစ်သူအပေါ် ကောင်းပါတယ်။ သူတို့နှစ်ယောက် ဆက်ဆံရေးမှာ အစ်ကို ဖြစ်သူက အရင်စတဲ့သူ ဆိုပေမဲ့ ယွီယောင်ကအမြဲ အစ်ကို့ရဲ့ကြိုးစားအားထုတ်မှုကို တုံ့ပြန်တာပဲလေ။ နင်တို့အဲ့လောက်ထိ အရမ်းမပြောသင့်ဘူး ဟုတ်တယ်လား"

ယွီကျွယ်၏ပရိသတ်အချို့မှာ ယွီယောင်သည် ယွီကျွယ်၏ရှေ့တွင် အလွန်အရေးပါကာ ဂရုစိုက်ခံချင်သည် ဟုပြောသော အစွန်းရောက် မှတ်ချက်တစ်ချို့ ပေးကြသော်လည်း ပရိသတ်အများစုမှာ သူတို့အား စိတ်လျှော့ရန် ဖျောင်းဖျနေကြသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن