Part 79

1.5K 127 1
                                    

79 01

Chapter 79: ဒုတိယမြောက်ရိုက်ကူးရေး

ယွီယောင်သည် အစ်ကိုကြီး၏ဆုံးဖြတ်ချက်အား ထောက်ခံသည် ကို မြင်သောအခါ ယွီကျွယ်မှာ ကန့်ကွက်မှုအား ရပ်တန့်လိုက်သည်။ "ယောင်ယောင် နင်က အဲ့လိုပြောတော့လည်း ငါဒီတာဝန်ကို ကျေကျေနပ်နပ် လက်ခံလိုက်မယ်။ စိတ်မပူနဲ့ ယောင်ယောင်။ နင်ယွီဝမ်နဲ့ဆက်ဆံရတာကိုမုန်းမှန်း ငါသိတယ်။ ငါိတို့ရသစုံရှိုးရိုက်ရင် နင့်အစ်ကိုအနေနဲ့ ငါဦးဆောင်ပြီး နင့်ကိုယွီဝမ်နှောင့်ယှက်မှာကို တားပေးမယ်"

ယွီကျွယ်သည် မိမိကိုယ်မိမိ အလွန်သတိထားမည်ကို မြင်ရသောကြောင့် ယွီယောင်မှာ ကောင်းကောင်းကြည့်၍ ချိုချိုသာသာပြုံးပြလိုက်ကာ ပြောခဲ့သည်။ "ကျေးဇူးပါ အစ်ကိုငယ်။ အစ်ကိုသာညီမနဲ့အတူတူအဖော်မပြုပေးရင် ညီမလုံးဝယွီဝမ်နဲ့ ရသစုံရှိုးတစ်ယောက်တည်းရိုက်ပြီး အချိန်မဖြုန်းချင်ဘူး"

ယွီကျွယ်သည် အင်အားများနှင့်ပြည့်ကာ ‌ပြုံးလိုက်မိသည်။ သူတို့သည် ရသစုံရှိုး၏နောက်တစ်ပိုင်းအား ချက်ချင်းပင် ရိုက်ကူးရေးစတင်နိုင်သည် ဟု သူမျှော်လင့်နေခဲ့သည်။

သို့သော်ဒုတိယရိုက်ကူးရေး စတင်သောအခါ ယွီကျွယ်မှာ ယခုထိအလွန်နုံအလွန်းသည် ဟု ခံစားမိခဲ့သည်။ သူသည် ထုတ်လုပ်ရေးအဖွဲ့မှာ မည်ကဲ့သို့အရှက်မရှိသည် ကို လုံးဝမေ့နေခဲ့သည်။

ဤအကြိမ် ရိုက်ကူးရေးနေရာမှာ ဧည့်သည် များ၏အိမ်များ၌ မဟုတ်ပေ။ ထုတ်လုပ်ရေးအဖွဲ့မှာ အင်အားအများကြီး စိုက်ထုတ်ကာ ရိုက်ကူးရေးနေရာအား ရှာတွေ့ပြီး ဧည့်သည် များအားလုံးကို ဤနေရာသို့ စုဝေးခိုင်းလိုက်သည်။

ရသစုံရှိုး၏ရိုက်ကူးရေး မစတင်ခင်တွင် ထုတ်လုပ်ရေးအဖွဲ့မှာ ယွီဝမ်အားအထူးမိတ်ဆက်ခဲ့သည်။

"ဧည့်သည် များအားလုံး မင်္ဂလာပါ။ ကျွန်တော်တို့ရှိုးရဲ့ ဒုတိယမြောက်ရိုက်ကူးရေးဖြစ်ပါတယ်။ ဒီရိုက်ကူးရေးရဲ့ နေရာနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မမိတ်ဆက်ခင်မှာ ဧည့်သည် အသစ်တစ်ယောက်နဲ့ ကျွန်တော်တို့မိတ်ဆက်ပေးပါရစေ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now