Unicode
Chapter 43: ဗီဒီယို
ယွီယောင်သည် တခြားတစ်ယောက်၏ အကြောင်းအရာအား ပြောပြနေပုံနှင့်တူကာ သူမ၏အပြုအမူမှာ တည်ငြိမ်နေဆဲဖြစ်သည်။ “ကျွန်မအသက် ရှစ်နှစ်ဝန်းကျင်လောက်က အရက်မူးသမားက ထဖောက်ပြီး အသီးလှီးတဲ့ဓားနဲ့ လူတိုင်းကိုစပြီးတော့ လိုက်ခုတ်နေခဲ့တာ။ ကျွန်မပခုံးပေါ် မတော်တဆ ထိသွားခဲ့တာပါ။ အနာက သိပ်မနက်တော့ အဲ့တုန်းက ဆေးရုံမသွားခဲ့တော့ ဒီအမှတ်ကြီးကျန်နေခဲ့တာပါ”
ဤဒဏ်ရာမှာ အလွန်ရှည်လှသည်။ ယွီယောင်သာ အလွန်မတည်ငြိမ်နေခဲ့လျှင် သူမအား နာကျင်စေသော အမူးသမားမှာ သူမ၏လက်မောင်းတစ်ခုလုံးကို ဖြတ်ပစ်ချင်သည်ဟု လူတိုင်းတွေးမိကြလိမ့်မည်။
ဤကဲ့သို့ ခိုင်မာလှသောသက်သေဖြင့် လူတိုင်းသည် အလိုအလျောက်ပင် ယွီယောင်၏စကားများကို ယုံရန်ဆုံးဖြတ်ခဲ့ကြသည်။
သတင်းထောက်များလည်း ငြိမ်သွားခဲ့သည်။ “ညီမလေးယွီယောင်က စွပ်စွဲခံရတဲ့ပုံပဲ။ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်”
ယွီကျွယ်သည် မိုက်ခရိုဖုန်းအား ယူလိုက်ကာ သူ၏မျက်နှာမှာ အေးစက်၍ လေးနက်နေခဲ့သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ကောလဟာလတွေရဲ့လှုံ့ဆော်သူကို ရှာပြီး အဲ့ဒီကောင်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ”
သတင်းထောက်များမှာ ဤစကားကို ကြားလိုက်သောအခါ ခေါင်းညိတ်နေခဲ့ကြသည်။ ကင်မရာရှေ့၌ အားကိုးဖော်မရခဲ့သော ယွီကျွယ်မှာ ယနေ့တွင် အလွန်အားကိုး၍ ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ သူ၏ညီမအား ကာကွယ်ပေးချင်သည့်စိတ်မှာ အလွန်ပင် အားကောင်းပုံပေါ်သည်။
သတင်းစာရှင်းလင်းပွဲအား ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကိုယ်လုံးတီးပုံများဖြင့် ဆွဲဆောင်ခံထားရသော အင်တာနက်သုံးစွဲသူ များမှာတိုက်ရိုက်ထုတ်လွှင့်မှုအား ဆက်ကြည့်နေခဲ့သည်။ နောက်ကွယ်မှ ဒါရိုက်တာများအားလုံးမှာလည်း ပျော်ရွှင်စွာပြုံးရယ် နေခဲ့ကြသည်။
ယခုလေးတင်ပင် သူတို့၏ရသစုံရှိုးမှာ ရေပန်းစားသည့် ရှာဖွေမှုများစွာပေါ်တွင် ရှိနှင့်ပြီးသားဖြစ်သည်။ သူတို့မှာ အင်တာနက် သုံးစွဲသူများကြောင့် အလိုလို စိတ်လှုပ်ရှားနေခဲ့ကြသည်။ ထုတ်လုပ်ရေးအဖွဲ့သည် များစွာအကျိုးအမြတ်ရခဲ့သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...