54 01
Chapter 54: လိမ္မာသော အစ်ကိုကြီး
အကြည့်များအား အကောင်အထည် ဖော်နိုင်ပါက ယွီဟန်နှင့် ယွီကျွယ်မှာ သူတို့၏မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ဓားနှင့်ပစ်ခြင်းဖြင့် အကြိမ်ပေါင်းများစွာ သေနေကြပြီ ဖြစ်ကြောင်း ယွီယောင်ခံစားမိလာသည်။
သူမသည် ယွီဟန်နှင့်ယွီကျွယ်ကြား ပဟေဋိဆန်သော အမူအရာဖြင့် အပြန်ပြန်အလှန်လှန်ကြည့်ကာ လွန်ခဲ့သော အခိုက်အတန့်က အဆင်ပြေနေခဲ့သော လူနှစ်ယောက်မှာ အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ရန်လိုစပြုလာသည်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။
ထို့ပြင် ယွီယောင်သည် အဘယ်ကြောင့် သူတို့နှစ်ယောက်မှာ သူတို့၏ရန်ဖြစ်မှုထဲ ဆွဲသွင်းခဲ့သည်ကို နားမလည်ခဲ့ပေ။ အမှန်တကယ်အံ့ဩစရာပင် ဖြစ်သည်။
ယွီဟန်နှင့်ယွီကျွယ်မှာ သူတို့၏မျက်လုံးများနှင့် မရေမတွက်နိုင်သော ထိုးနှက်ချက်များအား ဖလှယ်နေခဲ့ကြသည်။ သူတို့အတွက် ယွီယောင်အား ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရန် ရုန်းရင်းဆန်ခတ်မှုထဲ ဆွဲခေါ်မည့်အချိန်၌ တံခါးမှာ ထပ်မံပွင့်သွားခဲ့သည်။
အထဲသို့လျှောက်လာသောလူမှာ ဝတ်စုံအပြည့်ဝတ်ထားကာ အထက်တန်းစားတစ်ယောက်နှင့်တူသည်။ ထိုသူမှာ ယွီလန်ပင်ဖြစ်သည်။
ယွီလန်သည် ကုတ်အင်္ကျီအားချိတ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေသော ယွီဟန်နှင့် ယွီကျွယ်အားကြည့်ရန် ထမင်းစားစားပွဲဆီသို့ လျှောက်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ ယွီဟန်၊ယွီကျွယ် ငါမှတ်မိသလောက်တော့ မင်းတို့တွေ အလယ်တန်းကျောင်း ရောက်ပြီးတဲ့နောက် ဒီလိုကလေးဆန်ဆန် စိုက်ကြည့်ကြတဲ့ပြိုင်ပွဲတွေကို မလုပ်တော့ဘူးလေ"
"အစ်ကိုကြီး ဒါဆိုအစ်ကိုကြီးက အလိမ္မာဆုံးပေါ့။ ယောင်ယောင်ရှေ့မှာကျွန်တော်က ကလေးဆန်တယ်လို့ ပြောရဲတယ်နော်" ယွီကျွယ်၏အာရုံမှာ ယွီလန်ကြောင့် ချက်ချင်းပြောင်းသွားကာ သူသည် သူ၏အစ်ကိုကြီးအား ကဲ့ရဲ့ရှုတ်ချသည့်ပုံနှင့် ကြည့်လိုက်သည်။

BINABASA MO ANG
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...