Unicode
တိတ်ဆိတ်သော လူနာခန်းသည် ပိုးသတ်ဆေးနံ့များနှင့် ပြည့်နှက်နေသည်။ တာဝန်ကျ သူနာပြုနှစ်ယောက် အပြင်ဘက်တွင် စကားစမြည်ပြောနေကြလေ၏။
"အထူးလူနာခန်းထဲက ကောင်လေးက ချစ်စရာကောင်းလိုက်တာ"
"ချစ်စရာကောင်းတယ်? သူက လုံးဝကို ငကြောင်ဟ။ သူက စေ့စပ်ခါနီးတောင် တခြားအမျိုးသမီးနဲ့ ရှုပ်နေတုန်းပဲ။ ဒါပေမဲ့ ရဲတွေ ဖမ်းမိသွားတယ်လေ။ ဘယ်လိုတောင် ကြီးမားတဲ့ အရှုပ်အထွေးကြီးတုန်း"
"မူးယစ်ဆေး အလွန်အကျွံ သုံးလို့ ရောက်လာတာလို့ ငါကြားတာ။ နင်သိတဲ့အတိုင်းပဲဟာ ချမ်းသာတဲ့ မိသားစုက ကလေးတွေလေ"
ကုတင်ပေါ်မှာ ယဲဖန်သည် လဲလျောင်းနေပြီး မျက်လုံးတွေ လှည့်ပတ်နေ၏။ သူက ဘာလို့ သူနဲ့နာမည်တူနေတဲ့ ဒီကောင်လေးကိုယ်ထဲ ကူးပြောင်းလာရသလဲ ဆိုတာ လုံးဝနားမလည်ပေ။
ယဲဖန်သည် ဆန်ရွမ်တိုက်ကြီး ပီယွမ် ဂိုဏ်းတွင် မွေးဖွားခဲ့သည်။ သူ့အဘိုးက ဂိုဏ်းချုပ်တစ်ဦး ဖြစ်ပြီး သူ့အဖေဆိုလဲ အကြီးဆုံးထိပ်တန်းတပည့် တစ်ဦးဖြစ်သည်။ သူသည်လဲ ကျင့်ကြံခြင်းရဲ့ ဒုတိယမျိုးဆက် တစ်ယောက် ဖြစ်သည်။
ယဲဖန် မွေးဖွားလာသည့်အခါတုန်းက ကျိဝေ့ကြယ် ကြွေကျလာပြီး ကောင်းကင်မှာ မူမမှန်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တုန်းက ဂိုဏ်းတစ်ခုလုံး ထိတ်လန့်သွားခဲ့သည်။ လူတိုင်းနီးပါးဟာ ယဲဖန်သည် ကြီးမားသော ကျင့်ကြံခြင်း စွမ်းရည်ဖြင့်မွေးဖွားလာသည်ဟု ထင်မှတ်ခဲ့ကြလေသည်။ကံမကောင်းစွာဖြင့် သူ အသက်၅နှစ်ရောက်သောအခါ သူ့တွင် စိတ်ဝိဥာဏ် အရင်းမြစ် မပါရှိကြောင်း စမ်းသပ်မိခဲ့သည်။ စိတ်ဝိဥာဏ် အရင်းမြစ် မပါရှိသော်လည်း ကိုးရောင်ခြယ်နတ်ဝိဥာဏ်ကို ပိုင်ဆိုင်ခဲ့သည်။ ထိုဝိဥာဏ်နှင့် မွေးဖွားလာသည့် မည်သူမဆို ၎င်းက ဆေးပညာ ၊ မှော်လက်နတ်များ ၊ မန္တန်များ ၊ တည်ဆောက်ခြင်းနှင့် ဝိဥာဏ် သားရဲယှဥ်ပါးခြင်းတို့တွင် ကျွမ်းကျင်ကြလေ၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...