Unicode
ဖျင်ဖန်ဆိုင်ထဲတွင်
ပိုင်ယွင်ရှီသည် ဖုန်မိုအာကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားလေသည်။
ပထမအကြိမ်လာပြီးကတည်းက သူမဟာ မကြာမကြာရောက်လာခဲ့ပေသည်။ ပိုင်ယွင်ရှီသည် သူမအား အနည်းငယ် မနှစ်မြို့သလိုခံစားလိုက်ရသည်။ သူမရောက်လာလျှင်လည်း ယဲဖန်နှင့်သာ အမြဲတမ်းစကားပြောဆိုနေခဲ့သည်။ ပိုင်ယွင်ရှီသည် ယဲဖန်က တစ်စုံတစ်ခုအား ဖော်ထုတ်လိုက်မိမှာကို စိုးရိမ်နေခဲ့သည်။
ပိုင်ယွင်ရှီနှင့် နှိုင်းယှဥ်ရလျှင် ဖုန်မိုအာသည် ယဲဖန်နှင့်စကားပြောဆိုရတာကို သဘောကျနေခဲ့ပေသည်။ ပိုင်ယွင်ရှီက ရေခဲကျင့်ကြံသူတစ်ခုဖြစ်ကာ သူမကတော့ မီးကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ ဒါကြောင့် သူတို့ဆီတွင် ပြောစရာစကားများမရှိခဲ့ပေ။
ဒါပေမဲ့ ယဲဖန်က အများအပြားသိနေခဲ့တာကြောင့် ဖုန်မိုအာသည် သူနှင့် စကားပြောသည့်အခါ များစွာအကျိုးရှိကြောင်းခံစားခဲ့ရသည်။
ယဲဖန်၏စွမ်းရည်များကြောင့် ဖုန်မိုအာသည် သူဟာ ဂိုဏ်းကြီးတစ်ခုက လာကြောင်း အသေအချာယုံကြည်သွားခဲ့သည်။
တစ်ခါတစ်ရံတွင် မာရွေ့သည်လည်း ဖုန်မိုအာနှင့်အတူ လိုက်ပါလာခဲ့သည်။
"တောက်ဆရာယဲ မင်းအကိုက ရွှေအမြုတွေအဆင့်ကျင့်ကြံသူဆို သူက မင်းကို အဝတ်အစားကောင်းတွေ ဘာလို့မဆင်ပေးထားတာလဲ" မာရွေ့က သံသယဖြင့် မေးလိုက်၏။
သူသည် သူတို့အား မေးမြန်းလိုက်သည်။ ယဲဖန်ရောက်လာခါစက သူ့တွင် ဘာမှမရှိခဲ့ပေ။ အစတုန်းကဆို ဟောင်းနွမ်းနေသည့် ဒီဆိုင်လေးကို ငှားထားတာ ဖြစ်ပြီး ပိုင်ယွင်ရှီတောင် စျေးထဲက ဆိုင်ခန်းထဲတွင် ပစ္စည်းများရောင်းခဲ့ဖူးပေသည်။ ရှုထောင့်မျိုးစုံက ကြည့်ရလျှင် သူတို့တွင် တောင့်တင်းသောနောက်ခံရှိပုံလည်း မပေါ်ပေ။
"အခြေတည်အဆင့်ရောက်ပြီးရင် ဂိုဏ်းက ကျွန်တော်တို့ပိုင်ပစ္စည်းတွေအားလုံး သိမ်းပြီး ဂိုဏ်းကနေ နှင်ထုတ်ခံရတယ်လေ၊ ကျွန်တော်တို့တွေဆန္ဒကို ထိန်းချုပ်ပြီး အစကနေ ပြန်လည်စတင်ခိုင်းဖို့ ပြင်ပမှာ နှစ်အနည်းငယ်ကြာ အတွေ့အကြုံယူခိုင်းတယ်လေ" ယဲဖန်က ပြောလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
