Unicode
"သခင်လေးဖန် ငါ့ကို မှတ်မိသေးလား" ကျိုးကျင်းကျီသည် ယဲဖန်ဘေးတွင် အပြုံးနှင့် ထိုင်လိုက်သည်။
ယဲဖန်သည် ခေါင်းငြိမ့်ကာ "မှတ်မိတယ်။ မင်းက ကျောက်စိမ်းရောင်းတဲ့ အမြတ်ကြီးစားတဲ့သူလေ။ ငါတောင်းဆိုထားတာကို ပို့ပြီးပြီလား"
"မပို့ရသေးဘူး" ကျိုးကျင်းကျီက ပြန်ဖြေသည်။
ယဲဖန်သည် မျက်မှောင်ကြုတ်လျက် "မင်းရဲ့ လုပ်ဆောင်ချက်တွေက အရမ်းနိမ့်လွန်းတာပဲ"
"ငါတကယ်ကို အားနာပါတယ်" ကျိုးကျင်းကျီသည် ရှက်ရွံစွာ ပြုံးလိုက်သည်။
"ထားလိုက်ပါတော့"
"သခင်လေးဖန် မင်းနောက်ဆုံးအကြိမ်တုန်းက ပေးခဲ့တဲ့ဆေးညွှန်းက ဘယ်လိုရခဲ့တာလဲ" ကျိုးကျင်းကျီသည် မမေးဘဲ မနေနိုင်ခဲ့ပေ။
တကယ်တော့ ကျိုးကျင်းကျီသည် ထိပ်တန်းဆရာသခင်ဆီက ဆေးညွှန်းရှာတွေ့ခဲ့သည်ဟု အကြီးအကဲပိုင်ကို ဖုန်းခေါ် ၍ပြောစဥ်အခါက စနောက်ရုံသာ ဖြစ်သည်။ သို့သော်လည်း ပိုင်မိသားစုမှဒေါက်တာဟွာသည် ယဲဖန်ပေးသော ဆေးညွှန်းကို တွေ့လိုက်ပြီးနောက် အံ့သြသွားကာ 'အံ့ဖွယ်ဆရာဝန်ပဲ၊ ဘယ်လိုတောင် အံ့သြဖို့ကောင်းတဲ့ ဆရာဝန်လဲ' ဟု ဆိုလေသည်။
ထို့နောက် လောင်ပိုင်သည် သူ့ကို ဖုန်းခေါ်ကာ ထိုထိပ်တန်းဆရာသခင်နှင့် မိတ်ဆက်ပေးရန် တောင်းဆိုခဲ့သည်။
"ဒါပေါ့ အဲ့ဒါက ကျွန်တော်ပဲ" ယဲဖန်က ပြောသည်။
ကျိုးကျင်းကျီ "....."
"လွန်ခဲ့သည့်နှစ်နှစ်ခွဲလောက်က ရောဂါဟောင်းက စဖြစ်တာမလား"
ကျိုးကျင်းကျီသည် ခေါင်းငြိမ့်ကာ "ဟုတ်တယ်"
"ဒါဆို နှစ်ဝက်လောက် ကျန်သေးတယ်" ယဲဖန်က ခေါင်းခါသည်။
ကျိုးကျင်းကျီသည် သူ့ကိုကြည့်ကာ မေးလိုက်သည် "သူ့ကို ကုသဖို့ တစ်ခြားနည်းလမ်းရှိသေးလား" ကျိုးကျင်းကျီနှင့် ပိုင်မိသားစုမှ လူအိုကြီး ပိုင်ရှစ်ယွမ်တို့သည် ညီအကိုအရင်းလို ဖြစ်နေသောကြောင့် ကျိုးကျင်းကျီသည် ပိုင်ယွင်ရှီအပေါ် ဂရုစိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Macera"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...