Unicode
ယဲဖန်သည် ရေခဲချောင်းစားနေရင်း သူတို့ကို ကြည့်နေလိုက်သည်။
မုလန်သည် ယဲဖန်အကြောင်းများကို ကြားခဲ့ဖူးသော်လည်း ဒါက သူမအတွက် လူချင်းတွေ့ဆုံဖူးတာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
ကတော့ပုံရေခဲမုန်နှင့် တစ်ခြားလက်တစ်ဖက်တွင် ရေခဲချောင်းတစ်ခုကို ကိုင်ထားသော ယဲဖန်ကို မြင်လိုက်ရတော့ မုလန်သည် သူမစိတ်ထဲရှိ အရပ်ရှည်ပြီး စွမ်းအားကြီးသော ပုံရိပ်များက ရုတ်တရက်ကြီးပြိုကွဲသွားသလို ခံစားလိုက်ရပေသည်။ ဒီလူက အကြီးအကဲတွေကတောင် ချီးမွမ်းထားခဲ့တဲ့ ဆရာသခင်ဆိုတာကော ဟုတ်လို့လား။ သူမ သူ့ဆီကနေ ဆရာသခင်တစ်ဦးရဲ့ရောင်ဝါကိုတောင် မခံစားရဘူး။
"သခင်လေးယဲ ရှင်က ယန်ချန်ဆန်ကို မသန်မစွမ်းဖြစ်အောင် တကယ်လုပ်ခဲ့တာလား" မုလန်က သံသယဖြင့် မေးလိုက်၏။
ယဲဖန်က စိတ်ရှုပ်ထွေးသွားပြီး "ယန်ချန်ဆန်လား၊ သူက ဘယ်သူကြီးလဲ"
မုလျန်ဖင်က အလျင်အမြန်ရှင်းပြလိုက်၏ "ကျင့်ကြံသူများတွေ့ဆုံဖလှယ်ပွဲတုန်းက သခင်လေးပိုင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ တစ်ယောက်လေ"
ယဲဖန်သည် တစ်ကိုက်တည်းဖြင့် ရေခဲချောင်းအား လက်စသတ်လိုက်သည် "မင်းက အဲ့ဒီလူကို ဆိုလိုတာလား၊ ငါ သူ့ကို သတ်ခဲ့သင့်တာ၊ သူက ယွင်ရှီကို ထိခိုက်ဒဏ်ရာရအောင် ဘယ်လိုတောင် လုပ်ရဲရတာပါလိမ့်"
ယဲဖန်သည် လက်သီးကို ဆုပ်လိုက်ပြီး ခန်းမတစ်ခုလုံး အရိုးများ ကြွပ်ဆတ်နေသော ပဲ့တင်သံများ ထွက်ပေါ်လာခဲ့ပေသည်။ မုလန်သည် သူ၏ရုတ်တရက် ပေါက်ကွဲထွက်လာသော ရောင်ဝါများကြောင့် ထိတ်လန့်သွားခဲ့ပေသည်။
မျက်မှောင်ကြုတ်ရင်း မုရှစ်ယီက သူ့ကိုယ်သူတွေးနေမိ၏ 'ဒီလူက တကယ့်ကို သာမာန်လူမဟုတ်ဘူး၊ သူ့ရောင်ဝါတွေက အဆင့်ရှစ်ရောက်ရှိသွားပြီဖြစ်သော ခေါင်းဆောင်ထက်တောင် နိမ့်ကျမှုလုံးဝမရှိဘူးပဲ'
"သခင်လေးယဲ မင်းက အရမ်းအစွမ်ကြီးတာပဲ၊ ဒါတွေက မင်း ကျင့်ကြံခြင်းကို သဘောကျပြီး ကလေးဘဝကတည်းက ခက်ခက်ခဲခဲကျင့်ကြံလာခဲ့လို့လား" မုလီက မေးလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Phiêu lưu"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...