အခန်း (၁၂၄)

1.6K 280 13
                                    

Unicode

ပိုင်ယွင်ရှီသည် မြို့ငယ်လေးရှိ ဟိုတယ်တစ်ခု၌ စာထိုင်ဖတ်နေစဥ် တံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရ၏။

သူသည် တံခါးဘက် လှမ်းကြည့်လိုက်သည်။

ထိုနေရာ၌ မီးခိုးရောင်ဝတ် ရှေးဟောင်းသိုင်းပညာကျင့်ကြံသူတစ်ဦးက ဒေါသထွက်နေသော အကြည့်များဖြင့် ရပ်နေခဲ့၏ "မင်းက ယဲဖန်လား"

ပိုင်ယွင်ရှီသည် စာအုပ်အား ပိတ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏ "ဟင့်အင်း၊ ငါမဟုတ်ဘူး"

"ဒါဆို ယဲဖန်က ဘယ်မှာတုန်း"

"စားစရာသွားဝယ်နေတယ်" ယဲဖန်သည် အစားအသောက်အမှာတင်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ဒီလိုနေရာသေးလေးတွင် ပါဆယ်ပို့တာ မရှိတာကြောင့် သူက အစားအသောက်သာ ထွက်ဝယ်ခဲ့ရသည်။

ယန်ချန်ဆန်က သူ့အား အေးစက်စွာ နှာမှုတ်လိုက်ပြီး "သူ ဒီမှာ မရှိဘူးဆိုတော့ မင်းကို တိုက်ခိုက်လိုက်လဲ အတူတူပါပဲ။ မင်း ဘယ်လောက်သတ္တိရှိခဲ့လဲ။ မင်းက ငါတို့ယန်မိသားစုက တစ်ယောက်ယောက်ကို ဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲရတာတုန်း"

ထို့နောက် သူ့ဓါးအား ပိုင်ယွင်ရှီဘက် လွှဲယမ်းလိုက်တော့သည်။ တစ်ဖက်လူ၏ မယှဥ်နိုင်သော ခွန်အားကို ခံစားလိုက်ရတော့ ပိုင်ယွင်ရှီသည် ပြတင်းပေါက်မှ ခုန်ချလိုက်တော့သည်။

ချီကျင့်ကြံခြင်း ဒုတိယအဆင့်တွင် ၂ထပ်မြောက်က ခုန်ချခြင်းက သူ့အတွက် ပြဿနာတစ်ခုတော့ မဟုတ်ပေ။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား" ယန်ချန်ဆန်သည် ကြွက်အား လိုက်ဖမ်းနေသည့် ကြောင်တစ်ကောင်လိုမျိုး လှောင်ပြောင်သရော်လိုက်ပြီး ခုန်ချလိုက်၏။

ယန်ချန်ဆန်သည် သူ့ဓါးအား ကိုင်ကာ ပိုင်ယွင်ရှီကို ထပ်မံ တိုက်ခိုက်လိုက်တော့ ပိုင်ယွင်ရှီသည် အဆောင်တစ်ခုဖြင့် ပြန်လည်တိုက်ခိုက်ရန် သူ့လက်အား မြှောက်လိုက်သည်။

"ချိုးဖျက်စမ်း"

အဆောင်နှင့် ဓါးချီတို့ တိုက်မိသောအခါ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပေသည်။ ပေါက်ကွဲမှုကြောင့် ပိုင်ယွင်ရှီသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရ၏။ သူ့ကိုယ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးက ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now