အခန်း (၁၈၅)

522 128 10
                                    

Unicode

ချင်ယွီကုန်သည်အစည်းအရုံးထဲတွင်

"သခင်မ​လေးဖျင်ဖန်ဆိုင်က ​ဆေးလုံး​တွေနဲ့ အ​ဆောင်တွေကို အဓိကထား ​ရောင်းချတာပါ၊ အရည်အ​သွေးက ​ကောင်းမွန်ပြီး ကျင့်ကြံသူ​တွေကြားမှာ နာမည်​ကောင်းလည်း ရှိတယ်၊ သူတို့​တွေရဲ့ ​ကုန်ပစ္စည်းတွေက​ ကြီးကြီးမားမားမဟုတ်တာ​ကြောင့် ကျွန်​တော်တို့အ​ပေါ်သက်​ရောက်မှုမရှိနိုင်ပါဘူး၊ သူတို့​တွေကို လျစ်လျူရှုထားလို့ရပါတယ်" ကျိုးလီက ​ပြောလိုက်၏။

ယွမ်ချင်းယွဲ့က သံသယဖြင့် ​မေးလိုက်သည် "သူတို့​​တွေက ဒီပစ္စည်း​တွေကို ဘယ်​နေရာက​နေ ရလာခဲ့တာလဲ"

ကျိုးလီက ​ခေါင်းခါလိုက်ပြီး "ကျွန်​တော် ရှာလို့မရခဲ့ဘူး၊ သူတို့ကိုယ်တိုင်ထုတ်လုပ်ကြတာဖြစ်မယ်၊ ဘာလို့လဲဆို​တော့ သူတို့​တွေက ကုန်ကြမ်းပစ္စည်း​တွေ အများကြီး ​ဝယ်ယူထားကြတာ​လေ"

ယွမ်ချင်းယွဲ့မျက်လုံးများက ကျဥ်း​မြောင်းသွားပြီး "ဒါဆို သူတို့​တွေဆီမှာ အဂ္ဂိရတ်ဆရာတစ်​ယောက်ရယ် အ​ဆောင်ဆရာတစ်​ယောက်ရယ် ရှိတာလား"

ကျိုးလီက ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ လူအများစုက​တော့ အဂ္ဂိရတ်ဆရာ​ကော အ​ဆောင်ဆရာကိုပါ ဆိုင်ထဲမှာ ဖွက်ထားတယ်လို့ သံသယဝင်​နေကြတယ်၊ ဒါ​ပေမဲ့ ဒါက ဖြစ်မှမဖြစ်နိုင်တာ"

"ဒါ​ပေါ့၊ မဖြစ်နိုင်ဘူး၊ ​ဆေးလုံးသန့်စင်ပြီး အ​ဆောင်​ရေးဆွဲတာက စွမ်းအင်အများကြီးကုန်ဆုံး​စေတဲ့ဟာ၊ အဂ္ဂိရတ်ဆရာအများစုနှင့် အ​ဆောင်​ရေးဆွဲသူ​တွေက သင်ယူခြင်းအတွက် ပိုက်ဆံအများကြီး သုံးစွဲခဲ့ရတာ၊ အဆုံးကျ​တော့ သူတို့​တွေက ​ရွေးချယ်စရာမရှိဘဲ လက်​လျော့လိုက်ကြတာပဲလေ၊ တစ်စုံတစ်ခုကို ဂရုစိုက်​နေရရင် ​နောက်တစ်ခုကို အရှုံး​​ပေးလိုက်ရတာပါပဲ​"

အဂ္ဂိရတ်ဆရာများက  အဆင့်အတန်းမြင့်မားကြတာ​ကြောင့် ယွမ်ချင်းယွဲ့အပါအဝင် လူအများစုက တစ်ကြိမ်​လောက်​တော့ စမ်းသပ်ကြည့်ခဲ့ကြသည်။ သို့​သော်လည်း ​သူမသည် ဆေးလုံးအများအပြားကို ဖြုန်းတီးမိခဲ့ပြီး ​ရှေ့ဆက်မသွားနိုင်​တော့တာ​ကြောင့် သူမသည် လက်​လျော့လိုက်ရ​တော့သည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now