Unicode
ယဲဖန်ဗီလာမှပြန်လာပြီးနောက် စုန်ချီမင်နှင့် သူလူများသည် ဝင်အပူးခံရသလိုလို သရဲတစ္ဆေများကို မြင်နေရသလိုလို မကြာခဏ အော်ဟစ်ငိုကြွေးနေရာ သူ့အဖေစုန်ဖင်ရှန်သည် အလွန်ဒေါသထွက်လာလေသည်။
"မင်းကို ဒုက္ခပေးရလို့ အားနာလိုက်တာ" စုန်ဖင်ရှန်းက ကျေးဇူးတင်စွာဖြင့် ဆိုလာခဲ့သည်။
"အကိုကြီး ဒီလိုမျိုး မပြောစမ်းပါနဲ့၊ ခဏလောက်အနားယူပြီးသွားရင် ချီမင်က အဆင်ပြေသွားလိမ့်မယ်" စုန်ဖင်ယွမ်က ဆို၏။
စုန်ဖင်ယွမ်နှင့် စုန်ဖင်ရှန်းတို့ဟာ အမြွှာညီအစ်ကိုများ ဖြစ်ကြလေသည်။ စုန်ဖင်ယွမ်ဟာ ငယ်စဥ်ကတည်းက ကျင့်ကြံရန် အတွက် အရိပ်သတ်ဖြတ်ခြင်းဂိုဏ်းထဲသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။ နှစ်ပေါင်းများစွာ စုန်မိသားစု၏အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်းမှာလဲ ဂိုဏ်း၏လျှိုဝှက်ထောက်ပံ့ပေးမှုကြောင့်ပင် ဖြစ်သည်။
ဂိုဏ်းသားများဟာ မကြာခဏထွက်မလာကြပေမဲ့ သူတို့အတွက် အပြင်ဘက်မှာ ပစ္စည်းများစုဆောင်းရန် လူများ လိုအပ်နေသေးသည်။ ဒါကြောင့် စုန်မိသားစုက အရိပ်သတ်ဖြတ်ခြင်းဂိုဏ်း၏ပြောရေးဆိုခွင့်ရရှိသောသူတစ်ဦး ဖြစ်လာခဲ့သည်။
"ဖင်ယွမ် ချီမင်ရဲ့လက္ခဏာတွေက ပြင်းထန်တယ်လို့ ထင်လား" စုန်ဖင်ရှန်းက မေးလာခဲ့သည်။
"တစ်ဖက်လူက ဘယ်လောက်အတိုင်းအတာထိ သွားရမလဲဆိုတာတော့ သိသားပဲ။ ငါ ဘာမှမလုပ်ဘူးဆိုရင်တောင် ချီမင်က လဝက်လောက်နေရင်ပြန်ကောင်းသွားလိမ့်မယ်။ ဖြစ်နိုင်တာက တစ်ဖက်လူက လုံလောက်အောင် စွမ်းအားမကြီးတာကြောင့် လူတွေကို ကြောက်လန့်အောင် လှည့်ကွက်တစ်ချို့လောက်ပဲ အသုံးပြုထားတာ နေမှာ" စုန်ဖင်ယွမ်က ဆိုလာခဲ့သည်။
စုန်ဖင်ရှန်းက မျက်မှောင်ကြုတ်ကာ "တစ်ဖက်လူက သနားညှာတာမှု ပြသခဲ့ရင်တောင် သူက တော်တော်လေးလွန်နေပြီ။ ပြီးတော့ တစ်ဖက်လူက သနားညှာတာမှု ပြတယ်လို့တော့ မထင်ပါဘူး၊ သူက လုံလုံလောက်လောက် အရည်အချင်းမရှိတာပဲ ဖြစ်မယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...