အခန်း (၁၀၉)

2.2K 365 8
                                    

Unicode

ပိုင်မိသားစုတွင်

ရှုယွမ်ချင်သည် မုလျန်ဖင်အား ကုတင်ပေါ် နေရာချပေးလိုက်၏။ မုလျန်ဖင် တစ်ကိုယ်လုံး နီရဲနေတာကို မြင်တော့ ပိုင်ယွင်ဖေးသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

မုလျန်ဖင်မျက်လုံးများက သွေးကဲ့သို့ နီရဲနေပြီး သူ့လက်နှင့် ခြေထောက်များကိုပါ ချည်နှောင်ထားခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်လှသည့် အမူအရာများဟာ လူသားတွေနှင့်မတူညီဘဲ သားရဲကောင်နှင့် ပိုတူလေသည်။

ပိုင်ရှစ်ယွမ်သည် ရှုယွမ်ချင်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်၏ "တောက်ဆရာရှု ဒါက ..."

"သူ ပူးကပ်ခံထားရတာ" ရှုယွမ်ချင်က ပြန်ဖြေပေးလိုက်သည်။

"သူ ဒီလိုပဲ အမြဲဖြစ်သွားမှာလား" ပိုင်ရှစ်ယွမ်က မေးလိုက်သည်။

ရှုယွမ်ချင်သည် မုလျန်ဖင်နဖူးအား စိုးရိမ်မှုများဖြင့် ထိလိုက်ပြီး "တိုက်ခိုက်ခံရတဲ့အခါ ဒီလိုမျိုးဖြစ်နေမှာပဲ"

"တောက်ဆရာရှု မုသခင်လေးကို ဘယ်လို ကုသပေးရမလဲဆိုတာတော့ မသိဘူး။ ကျွန်တော် ကူညီနိုင်စရာများ ရှိလား"

ပိုင်ရှစ်ယွမ်နှင့် ရှုယွမ်ချင်တို့ဟာ နှစ်ပေါင်းများစွာကတည်းက အချင်းချင်း သိလာခဲ့ကြပေသည်။ ရှုယွမ်ချင်တွင် သမီးတစ်ယောက်သာရှိခဲ့သည်။ သူမက လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းပညာရပ်ကျင့်ကြံသူမိသားစုတစ်စုနှင့် လက်ထပ်ခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်လောက်ကတည်းက သေဆုံးသွားခဲ့ကာ မြေးလေးတစ်ဦးတည်းသာ ချန်ရစ်ထားခဲ့သည်။ ဒါကြောင့် အဲ့ဒီမြေးက သူ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာ လူတိုင်းသိနိုင်ပေသည်။

"ဒီတစ်ခေါက်တော့ မင်းကို အကူအညီ တောင်းဆိုဖို့အတွက် ငါလာခဲ့တာပဲ" ရှုယွမ်ချင်သည် စာရင်းတစ်ခုကို ထုတ်လာခဲ့ပြီး "လောင်ပိုင် ငါ မင်းကိုတော့ မယဥ်ကျေးနိုင်တော့ဘူး။ ဒီပေါ်က ဆေးဖက်ဝင်ပစ္စည်းတွေကို ဖြစ်နိုင်သမျှ မြန်မြန်ရှာပေးဖို့ လိုအပ်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now