Unicode
ကျန်းမုန်၏စိတ်ဝိညာဥ်စိုက်ကွင်းထဲတွင် ဂျင်ဆင်းပင်များနှင့် Ganoderma lucidumsများစွာ ရှိပေသည်။ သူတို့တွေသာ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့လျှင် ထိုအဆင့်မြင့်အရာရှိများနှင့် ရာထူးကြီးများအတွက် တိုက်ခိုက်ရန် လုံလောက်ပေသည်။
"ကျွန်မရဲ့ စိတ်ဝိညာဥ်စိုက်ကွင်းကို ဘယ်လိုထင်လဲ သခင်လေးယဲ" ကျန်းမုန်က မေးလိုက်၏။
ယဲဖန်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလိုပါပဲ၊ ငါ ထင်ထားတာထက် နည်းနည်းလေး ဆိုးရွားနေသလိုပဲ"
ယဲဖန်က ထိုသို့ ပြောလိုက်သည်နှင့် ကျန်းမုန်နှင့် လိုက်လာသည့်လူငယ်တော်တော်များများက သူတို့မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့သည်။
မုလျန်ဖင်က တွေးလိုက်မိသည် 'ချန်နုန်းမျိုးနွယ်စုအဆင့်မြင့်ဆေးဥယျာဥ်ကို ပုံမှန်ဆို ဧည့်သည်တွေအား ဖိတ်ခေါ်လေ့မရှိပေ၊ သခင်လေးယဲကတော့ ထိုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာစကားတွေကို ပြောနေတာ သူမကို ရန်စဖို့ ကြိုးစားနေတာလားကွ'
မကြာခင်မှာပဲ သူက ထိုဖြစ်နိုင်ချေအား ပယ်ချလိုက်လေသည်။ သခင်လေးယဲက ဒီလိုလှည့်ကွက်သေးသေးလေးတစ်ချို့အသုံးပြုဖို့လိုအပ်လို့လား။ သူ ဒီလိုလုပ်ရသည့်အကြောင်းအရင်းကလည်း သူရဲ့ ပုံမှန်ပုံစံကြောင့်ပဲလေ။
ကျန်းမုန်က ယဲဖန်ကို ကြည့်ပြီး "ရှင် ဘာဆေးပင်တွေ လိုချင်တာလဲဆိုတာ ကျွန်မမသိဘူး"
"ငါ လဲလှယ်ဖို့ ဆေးလုံးတစ်ချို့ယူလာခဲ့တယ်၊ ဒါပေမဲ့ ငါလိုချင်နေတဲ့ဆေးပင်တွေကိုတော့ မတွေ့သေးဘူး" ယဲဖန်က ဆိုလိုက်၏။
ကျန်းမုန်ဘေးရှိ လူငယ်က မနှစ်မြို့သော လေသံဖြင့် "မင်းနှင့်အတူ လဲလှယ်ဖို့ ဘယ်လိုဆေးလုံးမျိုးတွေ ယူလာတာလဲဆိုတာ မေးလို့ရမလား"
ယဲဖန်သည် ဆေးတစ်ပုလင်းကို ထုတ်လာပြီး "ငါ ဒါကို ယူလာတာ"
"အားဖြည့်ဆေးလား" မုလျန်ဖင်က မှင်သက်သွားမိသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...