Unicode
ယဲဖန်သည် သူ့မျက်နှာပေါ်တွင် ထိန်းချုပ်၍မရနိုင်သော ပျော်ရွှင်မှုများဖြင့် တောင်ပေါ်လမ်းအား မောင်းနှင်လာခဲ့ပေသည်။
ပိုင်ယွင်ရှီသည် သူ့အား ကြည့်ပြီး စိတ်မရှည်စွာဖြင့် မေးလိုက်၏ "ဘာအတွက် ပြုံးနေတာလဲ"
ယဲဖန် "မင်း ငါနဲ့အတူ လိုက်လာပေးလို့ ပြုံးနေတာပေါ့"
ခရီးသည်ခုံတွင် ထိုင်နေသော ပိုင်ယွင်ရှီသည် အေးစက်သော လေသံဖြင့် "သတိထားစမ်း၊ ယာဥ်စည်းကမ်းတွေကို သေချာလိုက်နာအုံး"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "အမ်း ငါသိပါတယ်၊ သေချာမောင်းပါမယ်၊ ငါ့အပေါ်မှာ အားကိုးလို့ ရပါတယ်"
ပိုင်ယွင်ရှီ "....."
ယဲဖန်သည် တဖြည်းဖြည်း မောင်းလာနေစဥ် အစိမ်းရောင် ပြိုင်ကားတစ်စီးက သူတို့အား ပွတ်တိုက်သွားပြီး ဝှီးခနဲ ဖြတ်သန်းသွားခဲ့သည်။
"ဒီကောင်က ငါ့ကို ကျော်သွားတာပဲ" ယဲဖန်က ပြောလိုက်၏။
ပိုင်ယွင်ရှီက မျက်လုံးဖွင့်လိုက်ပြီး "လူတွေက ကျော်ချင်တယ်ဆိုရင် ကျော်ခွင့်ပေးလိုက်ပါကွာ"
"ဝှီး ....."
နောက်ထပ် ပြိုင်ကားအနီတစ်စီးသည်လည်း ယဲဖန်ကားအား ပွတ်တိုက်ကာ ကျော်တက်သွားခဲ့ပြန်လေသည် "ထပ်ပြီးတော့လား"
ပိုင်ယွင်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး "ငါတို့တွေ အလျင်မလိုပါဘူး၊ ထားလိုက်စမ်းပါကွာ"
တတိယပြိုင်ကား၊ စတုတ္ထပြိုင်ကား စသည့်တို့သည် တစ်စီးပြီးတစ်စီး ကျော်ဖြတ်သွားခဲ့ပြီးနောက် ယဲဖန်သည် အထင်သေးသည့်စကားများကို ကြားလိုက်ရပေသည်။
ယဲဖန်သည် ချက်ချင်းပင် ဒေါသထွက်လာပြီး "သေစမ်းကွာ၊ လူတိုင်းက ငါ့ကို ကျော်တက်ဖို့ ကြိုးစားနေကြတာပဲ၊ ဒါက ငါ့ကို အရမ်းအရှက်ရစေတယ်ကွ"
ယဲဖန်သည် သူ့ကားကို ပျံသန်းအဆောင်နှစ်ခု ကပ်လိုက်ပြီး "ငါ ဘယ်လောက်တောင်စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်လိုက်စမ်းကွ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...