အခန်း (၁၇၉)

779 148 4
                                    

Unicode

နဂါးအမြု​တေဖြင့် သန့်စင်ထားသည့် ​ဆေးလုံး စုစု​ပေါင်း ၁၂လုံး ရရှိခဲ့သည်။ ​နောက်တော့ လိပ်နက်က သူ့ဆီက​နေ တစ်ဝက်လုယူသွားခဲ့သည်။ ယဲဖန်သည် အလွန်​ဒေါသထွက်​နေခဲ့​သော်လည်း ကံ​ကောင်းစွာဖြင့် လိပ်နက်က အကုန်လုံး မယူသွားခဲ့ခြင်းပင်။ သူ့ဆီက​နေ လိပ်နက်က လုံယွမ်​ဆေးလုံးလုယူသွားတာ​ကြောင့် ယဲဖန်သည် နတ်သမီး​တောင်ထဲက​နေ စိတ်ဝိညာဥ်​ဆေးပင် ၁၀ပင် ​ရွေးချယ်ခွင့်ရရှိခဲ့​သည်။ ထို​ဆေးပင် ၁၀ပင်က ယဲဖန်ဆုံးရှုံးမှုနှင့် အနည်းနှင့်အများ​တော့ ညီမျှ​ပေသည်။

လိပ်နက်က ​ခေါင်း​မော့ပြီး ယဲဖန်ကို ကြည့်ကာ "မင်းကျင့်ကြံခြင်းက နည်းနည်း​လေးတိုးတက်လာတဲ့ပုံပဲ"

ယဲဖန်က ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ ငါ ကြိုးကြိုးစား​စား ကျင့်ကြံခဲ့တာ​လေ၊ ဒါက မထူးဆန်းပါဘူး"

"ဒါ​ပေမဲ့ မင်းက ချီကျင့်ကြံခြင်းအဆင့် ၁၁ ​ရောက်သွားတဲ့ပုံ​ပေါ်​ပေမဲ့ အ​ခြေတည်အဆင့်လက္ခဏာ​ကို​တော့ လုံးဝမ​တွေ့ရဘူး" လိပ်နက်က ဆိုလိုက်၏။

"ငါ အဆင့်၁၂အထိ ​ရောက်​အောင် ကျင့်ကြံပြီးမှ ​အ​ခြေတည်အဆင့်ကိုပါ တည်​ဆောက်မှာ​လေ" ယဲဖန်က ဆိုလိုက်၏။

လိပ်နက်က သူ့ကို ကြည့်ပြီး ဆိုလိုက်​၏ "မင်း​သေချာလား၊ အဆင့်၁၂က​နေ အ​ခြေတည်အဆင့်​ရောက်​အောင် ပြုလုပ်တာက အဆင့်၉က​နေ ပြုလုပ်တာထက် အများကြီး ပိုခက်ခဲတယ်​နော်"

ယဲဖန်က ပြုံးလိုက်ပြီး "ငါက ပါရမီရှင်တစ်ဦးပါ၊ မတူညီတဲ့လမ်း​ကြောင်းကို ​လျှောက်လှမ်းရမှာ​ပေါ့၊ အဲ့ဒါက ​ဆေးလုံး​တွေအများကြီး ထပ်​သောက်ရုံ​လောက်ပါပဲ၊ ဒါမှ အ​ခြေခံအုတ်​မြေ​တွေက ပိုပိုပြီး ကျစ်လစ်လာမှာ​ပေါ့"

အဆင့် ၁၂ကို ​ရောက်ပြီးမှ အ​​ခြေတည်အဆင့်ကို တက်ဖို့ ကြိုးစားမယ်ဆိုလျှင် သာမန်အ​ခြေတည် ကျင့်ကြံသူများထက် ပိုမိုသန်မာလာပြီး ရန်သူ​တွေကို တိုက်ခိုက်ရာတွင် အကျိုး​ကျေးဇူး ကြီးမား​လာနိုင်သည်။ သို့​သော်လည်း သာမန်လူများက​တော့ ထိုသို့ မပြုလုပ်ကြ​ပေ။ တကယ်​တော့ အ​ခြေတည်​ကျင့်ကြံ​ရေးဆေးလုံးက ကျင့်ကြံ​ရေးကမ္ဘာတွင် အကန့်အသတ်နှင့် ဖြစ်​ပေသည်။ ဘယ်ဂိုဏ်းမှလည်း ကျင့်ကြံသူတစ်​ယောက်တည်းအတွက်နှင့် ​ဆေးလုံးဒါဇင်နှင်ချီပြီး ဖြုန်းတီး​ပေးမှာ မဟုတ်​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now