အခန်း (၁၄၂)

1.2K 224 2
                                    

Unicode

သူတို့​တွေသည် လူဖမ်းစားတဲ့ကန်က​နေထွက်လာခဲ့ပြီး​နောက် ကန်​ပေါ်ရှိ မြူများက တဖြည်းဖြည်း ​ပျောက်ကွယ်လာခဲ့​ပေသည်။

​ဂျော့ရှ်က ချက်ချင်းပင် ပုံမှန်လိုပြန်ဖြစ်သွားပြီး "ဝိုး ဒီကန်က လူ​တွေ​ပြော​နေကြတဲ့အတိုင်းပဲ မှော်ဆန်လိုက်တာ၊ တကယ့်ကို အံ့သြစရာ​နေရာ ​ကောင်းတစ်ခုပဲ"

ပိုင်ယွင်ရှီသည် သူ့ကို ကြည့်လိုက်ပြီး "ဒီကန်က အရမ်းအန္တရာယ်များတယ်"

​ဂျော့ရှ်က သ​ဘောမတူစွာဖြင့် "မထင်ပါဘူး၊ ငါတို့​တွေက ရာသီဥတု ဆိုးရွားလှတဲ့ အ​ခြေအ​နေနဲ့ ကြုံ​တွေ့ခဲ့ရလို့ပါကွ၊ ငါအရမ်း​ကြောက်လန့်သွားလို့ ဓါတ်ပုံမရိုက်ထားလိုက်မိတာ သနားစရာ​ကောင်းလိုက်တာ"

ပိုင်ယွင်ရှီ "....." ဒီလိုအ​ခြေအ​နေမျိုးမှာ ဓါတ်ပုံရိုက်ချင်နေ​သေးတာလား၊ ဓါတ်ပုံရိုက်ရတာ ကြိုက်တဲ့ လူ​တွေအတွက်က​တော့ အ​ကြောက်တရားကို လုံးဝမရှိဘူးပဲ။

"ငါဓါတ်ပုံရိုက်ထားခဲ့မယ်ဆိုရင် အခု​ချိန်လောက်ဆို ငါ့သူငယ်ချင်း​တွေ ငါ့ကို မနာလို​ဖြစ်ကြ​တော့မှာ" ​ဂျော့ရှ်က ​ပြောလိုက်၏။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တာ​ပေါ့၊ သူတို့က မင်းကို လက်မ​(like)တွေ​တောင် ​ပေးကြအုံးမှာ"

​ဂျော့ရှ်သည် ယဲဖန်ကို ကြည့်ပြီး ရင်းနှီ​သော မိတ်​​ဆွေတစ်ဦးကို ရှာ​တွေ့သွားသလိုမျိုး ​တွေး​နေမိ​တော့သည် "ငါတို့ အခု ပြန်သွားကြည့်ကြမလား"

ပိုင်ယွင်ရှီ "....."

"သခင်​လေး​ဂျော့ရှ် ကန်ထဲမှာ ​ရေသရဲ​တွေရှိတယ်၊ ကန်နဲ့ နီးနီးကပ်ကပ်မ​နေတာ အ​ကောင်းဆုံးပါပဲ" ရွာသူကြီးက ​ပြောလိုက်၏။

ထို့​နောက် ပိုင်ယွင်ရှီသည် ရွာသူကြီးက တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ဖြစ်​နေတာကို ​ရှာတွေ့သွားခဲ့​ပေသည်။

"​ရေသရဲလား၊ ကမ္ဘာ​ပေါ်မှာ သရဲဆိုတာမရှိဘူး၊ ​စောနက မြင်ကွင်းဆို သိပ္ပံနည်းကျကျ နဲ့ ကျိုး​ကြော်ဆီ​လျော်တဲ့ ရှင်းပြချက်တစ်ခုကတော့ ရှိလိမ့်မယ်၊ ဒီမှာ ရာတုဥတု ကျွမ်းကျင်သူတစ်ဦးကို ဖိတ်​ခေါ်သင့်တယ်​နော်" ​ဂျော့ရှ်က ယုံကြည်မှုရှိရှိဖြင့် အကြံပြုလိုက်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now