Unicode
လေဆိပ်ဧည့်ခန်းထဲတွင် စောင့်နေရင်း ယဲဖန်သည် မသဲမကွဲ ပြောနေခဲ့သည် "အဲ့ဒီကောင်စုတ်လေး ဘယ်ချိန်မှ ရောက်လာမှာတုန်း"
"လေယာဥ်ချိန်က နောက်ကျနေတယ်။ ခဏနေမှ ရောက်လိမ့်မယ်။ ခဏလောက် သည်းခံလိုက်ပါအုံး" ပိုင်ယွင်ရှီက ညင်ညင်သာသာ ပြောလာ၏။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး ရှုံတွတွဖြင့် "အွန်း။ အဲ့ဒီကောင်စုတ်လေး လေဆိပ်မှာ ပြန်ပေးဆွဲခံလိုက်ရရင် ဘယ်လိုလုပ်မလဲ"
ပိုင်ယွင်ရှီ "....."
"သူ ထွက်လာပြီ"
ခရီသည်များအားလုံး ထွက်လာတာကြောင့် လေဆိပ်ဟာ ပိတ်ဆို့သွားခဲ့သည်။
ယဲဖန်သည် စိတ်ဓါတ်ကျနေသော လေသံဖြင့် "အဲ့ဒီခြေတိုတိုလေးက ဘယ်မှာတုန်း။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အိမ်က ထွက်ပြေးလာတယ်။ အဆင်ကိုပြေမနေဘူး"
"အဲ့ဒီတစ်ယောက်လား" ပိုင်ယွင်ရှီသည် ရောင်စုံဆံပင်လေးနှင့် ကောင်လေးတစ်ယောက်အား ညွှန်ပြလိုက်သည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ သူပဲ"
ယဲဖန်ကို မြင်တော့ ထိုပေါင်မုန့်ကလေးက စိတ်လှုပ်ရှားစွာ ပြေးလာပြီး "ဦးလေး" ဟု ဆိုကာ ယဲဖန်ထံ ပစ်ဝင်လာခဲ့သည်။
ပိုင်ယွင်ရှီက သူ့ကိုယ်သူ တွေးနေမိသည် 'ဒီဦးလေးနဲ့တူက တကယ့်ကို အမြင်တူရှိတာပဲ။ နှစ်ယောက်လုံးက ဆံပင်လေလွင့်တာကို ကြိုက်ကြတယ်'
"မင်းဆံပင်ဆေးဆိုးထားတာလား" ယဲဖန်က မေးလိုက်သည်။
ဝူဟောက်ချန်သည် သူ့ခေါင်းပေါ်မှ ဆံပင်တုအား ဆွဲချွတ်လိုက်ရင်း "ဟင့်အင်း။ ဒါက ဆံပင်တုလေ။ သားသာ ဆံပင်ဆေးဆိုးလိုက်ရင် သားအဖေက သတ်လိမ့်မယ်"
ပိုင်ယွင်ရှီသည် အထင်မကြီးဘဲ မနေနိုင်တော့ပေ 'ဝူဟောက်ချန်က ငယ်ရွယ်ပေမဲ့ ယဲဖန်ထက်တော့ ပိုပြီးစမတ်ကျသားပဲ'
"ဟမ်၊ ဒီပစ္စည်းက မဆိုးဘူးပဲ။ ငါလဲ နောက်တစ်ခါ တစ်ခုဆောင်ထားရမယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...