Unicode
ကျောက်ရှီကုမ္ပဏီတွင်
ဆိုဖာပေါ်၌ လဲလျောင်းနေရင်း ယဲဖန်က "ငါ့ကို ပြောပါအုံး ဝိညာဥ်ဆရာသခင်ကို ဘယ်လိုရှာလို့ရနိုင်မလဲဆိုတာ။ အဲ့ဒီလင်မယားကလေ တစ်ခြားလူတွေ အလွယ်တကူအသုံးချနိုင်ရလောက်အောင် လုံးဝကို အရူးတွေပဲ။ ဒီကိစ္စတွေက အရမ်းရှုပ်ထွေးနေမှန်းသာ သိရင် အဲ့ဒီ ၁၀၀ မီလီယံကြီးကို တပ်မက်မနေဘူး"
"မင်းက အရာရာတိုင်းသိမြင်တဲ့သူ မဟုတ်ဘူးလား။ ပြဿနာတစ်ခုနဲ့ ကြုံတွေ့တဲ့အခါ အဖြေရှာဖို့ကြိုးစားရမယ့်အစား မင်းက နောက်ဖောက်သည်တစ်ဦးဆီ ပြောင်းချင်နေတာပေါ့။ မင်းပိုက်ဆံအများကြီးရအောင် ဘယ်လိုရှာမလဲ" ပိုင်ယွင်ရှီက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ယဲဖန်က ရှက်ရွံစွာ ပြုံးလိုက်ပြီး "ဒါတော့မှန်တယ် ငါက အရာရာတိုင်း သိမြင်တဲ့သူပဲ။ ဒါပေမဲ့ မင်းလဲသိပါတယ်၊ ငါက တစ်ခြားလူကို ရှာဖွေရာမှာတော့ မတော်ဘူး။ ငါက ကန်းနေတာလေ၊ မင်းလိုမျိုးသိသိသာသာကြည့်ကောင်းတဲ့လူကလွဲပြီးတော့ပေါ့။ လူတိုင်းက အကုန်အတူတူပဲလို့ ငါ ထင်နေတာ။ အခုက တစ်ဖက်လူက ဘယ်လိုပုံစံလဲဆိုတာ ငါမသိတာက ပိုဒုက္ခပေးနေတာကွ"
ပိုင်ယွင်ရှီက မေးလိုက်သည် "ငါက သိသိသာသာ ကြည့်ကောင်းတယ်လို့ မင်းက ဘာလို့ ထင်တာလဲ"
ယဲဖန်က မစဥ်းစားဘဲ ပြန်ဖြေလိုက်၏ "အကြောင်းပြချက်တော့ မရှိပါဘူး။ ငါက အဲ့ဒီလို ထင်တာပဲလေ"
ပိုင်ယွင်ရှီက လေးလေးနက်နက် ပြုံးလာလပြီး "အဲ့ဒီဝိညာဥ်ဆရာသခင်ကိုပဲ ရှာရမှာလား။ တစ်ခြားလူကိုရော ရှာလို့မရဘူးလား"
ယဲဖန်က မျက်လုံးလှိမ့်လိုက်ပြီး "အွန်း၊ ငါက တစ်ခြားလူကိုတော့ ရှာလို့ရနိုင်တယ်။ ကောက်မန်ကျင်းနဲ့ အဲ့သရဲကြားက ကိစ္စရပ်ကို အတည်တကျဖြစ်အောင် လုပ်ရအုံးမယ်"
အဲ့ဒီကိစ္စရပ်သာ ပြီးပြတ်သွားသရွေ့ မူလတစ္ဆေမင်္ဂလာပွဲဆိုတာလဲ အသုံးမဝင်တော့ပေ။ ပြီးတော့ ထန်ဝူရွမ်းအပေါ် အကွက်ချစီစဥ်နေသည့် ထိုလူတွေအတွက်လည်း သူသည် သူတို့အား သူကိုယ်တိုင်ကိုင်တွယ်နိုင်ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...