အခန်း (၁၈၂)

743 149 10
                                    

Unicode

ပိုင်ယွင်ရှီသည် အသက်ပြင်းပြင်းရှုလိုက်ရာ သူ့ရင်ထဲသို့ ချီဝိညာဥ်စီး​ကြောင်းများ ဝင်​ရောက်လာပြီး ယစ်မူးစွာဖြင့် "ယဲဖန် ဒီမှာ ​နေရတာ သက်​တောင့်သက်သာအရမ်းရှိတာပဲကွာ"

ယဲဖန်က ​ခေါင်းငြိမ့်ပြလိုက်ပြီး "ကမ္ဘာ​မြေပြင်ကထက် ဒီ​နေရာက ချီဝိညာဥ်စွမ်းအား​တွေ အများကြီး​ပေါများ​ပေမဲ့ ဒီ​နေရာထက် အများကြီးပို​အိုကောင်းမွန်တဲ့ မြစ်​တွေ​၊ တောင်​တွေ ရှိ​သေးတယ်၊ ​နောက်ပိုင်းကျရင် မင်းသိလာလိမ့်မယ်"

ပိုင်ယွင်ရှီက ​ခေါင်းငြိမ့်ပြလိုက်ပြီး ပြင်းပြ​သောဆန္ဒဖြင့် "​ကောင်းပါပြီ" ဟု ဆိုလိုက်၏။

ယဲဖန်သည် ပိုင်ယွင်ရှီကို ထူးဆန်း​သော အကြည့်များဖြင့် တစ်ခဏမျှစိုက်ကြည့်​နေလိုက်သည်။

ပိုင်ယွင်ရှီက ​မေးလိုက်၏ "ဘာမှား​နေလို့လဲ"

"မင်းရဲ့ ချီစွမ်းအင် စုပ်ယူနှုန်းက အရမ်းမြန်တာပဲ" သူတို့​တွေ ကမ္ဘာ​မြေ​ပေါ်မှာတုန်းက ချီစွမ်းအင်များက ဒီက​ထက် နည်းပါး​လှသည်။ ပိုင်ယွင်ရှီ၏ တစ်ခုတည်းသာ ပိုင်ဆိုင်သည့် စိတ်ဝိညာဥ်ရင်းမြစ်၏​ကောင်းကွက်များက ထုတ်​ဖော်ပြသနိုင်ခြင်း မရှိခဲ့​ပေ။ ဒါ​ပေမဲ့ အခုချိန်တွင်​တော့ ယဲဖန်သည် အနီးအနားရှိချီစွမ်းအင်များက ပိုင်ယွင်ရှီခန္ဓာကိုယ်ထဲ အလုအယက် တိုးဝင်​နေကြတာကို ခံစားမိ​လာသည်။

"အဲ့တာက ပြဿနာရှိလို့လား" ပိုင်ယွင်ရှီက ​မေးလိုက်၏။

ယဲဖန်က ​ခေါင်းခါလိုက်ပြီး "မရှိပါဘူး၊ သွားကြရ​အောင်​လေ"

"​ကောင်းပြီ​လေ"

ယဲဖန်နှင့် ပိုင်ယွင်ရှီတို့သည် နှစ်ရက်ကြာ​အောင် ပင်လယ်ပြင်တွင် ပျံသန်း​နေခဲ့ကြ​၏ "ယဲဖန် ဒီလိုပဲပျံသန်း​နေရတာ မင်း အဆင်​​ကောပြေရဲ့လား"

ယဲဖန်က ​ခေါင်းငြိမ့်ပြလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် "အွန်း၊ အခု ငါက အ​ခြေတည်အဆင့် ​ရောက်​နေပြီ၊ သာမန်လူတစ်​ယောက်မဟုတ်​တော့ဘူး​လေ"

ပိုင်ယွင်ရှီ "ပင်လယ်ကြီးက ဘယ်​လောက်​တောင် ကျယ်တာလဲ"

ယဲဖန်သည် အလျင်အမြန် ပျံသန်း​​နေခဲ့​သော်လည်း ​ရှေ့တည့်တည့်ကို ကြည့်လိုက်သည့်အခါ အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးတစ်ခုသာ ရှိ​နေ​ခဲ့ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now