အခန်း (၁၃၇)

1.3K 220 6
                                    

Unicode

တံခါး​ခေါက်သံကြား​တော့ ပိုင်ယွင်ရှီသည် သူ့မျက်နှာ​ပေါ်တွင် မပြသခဲ့​ပေမဲ့ သူ့စိတ်ထဲတွင်​တော့ သက်သာရာရသွားခဲ့​လေသည်။

မျက်နှာတည်တည်ဖြင့် ပိုင်ယွင်ရှီသည် ယဲဖန်ကို ကန်လိုက်ပြီး ​အေးစက်စွာဖြင့် "တံခါးသွားဖွင့်စမ်းပါ"

ယဲဖန်သည် သူ့​ခြေ​ထောက်ကို ပွတ်သပ်လိုက်ပြီး "မင်း ဘာလို့ ငါ့ကို အမြဲကန်​နေရတာလဲ၊ မ​​နေ့ညကလဲ ငါ့ကို အိပ်ရာ​ပေါ်က ကန်ချခဲ့တယ်၊ ငါ ကုတင်အကြီးကြီး ဝယ်ခဲ့​ပေမဲ့ သိပ်မကျယ်​သေးဘူးထင်တယ်၊ မင်းက ငါ့ကို ကန်ချ​နေ​သေးတုန်းပဲ၊ အထက်စီးအရမ်းမဆန်ပါနဲ့ ယွင်ရှီ၊ မင်းခန္ဓာကိုယ်က ​သေး​သေး​လေး၊ မင်း ဘာလို့ ဒီ​လောက်ကြီးတဲ့အိပ်ရာကြီးကို သိမ်းပိုက်ထားရတာတုန်း"

ပိုင်ယွင်ရှီက ဖြတ်​ပြောလိုက်၏ "ငါက အဲ့ဒီလိုပဲလေ"

"ဟုတ်ပြီ၊ ​ကောင်းပြီ​လေ၊ ငါ ပိုကြီးတဲ့ကုတင်ရှိမလား​လို့ ရှော့ပင်း​မောလ်ကို သွားကြည့်လိုက်အုံးမယ်" ဟုဆိုကာ ယဲဖန်သည် 'မင်းကိုမကူညီနိုင်​တော့ပါဘူး' ဆိုတဲ့ မျက်နှာ​ပေးဖြင့် ပိုင်ယွင်ရှီကို ကြည့်လိုက်၏။

ပိုင်ယွင်ရှီ "....." ဒါ​တွေက ကုတင်အ​ကြောင်း မဟုတ်ဘူး​လေ။

ယဲဖန်သည် တံခါးကို ဖွင့်လိုက်​တော့ အပြင်ဘက်က လူကို မြင်လိုက်​သောအခါ ညည်းညူးလိုက်​လေသည် "​ယောက်ဖ ဒီအချိန်ကြီးကျမှ ဒီကို ဘာလာလုပ်တာလဲ"

ပိုင်ယွင်ကျင်းသည် ယဲဖန်၏စူပုပ်​နေ​သော မျက်နှာကို ကြည့်လိုက်ပြီး ပိုင်ယွင်ရှီကို စိတ်ရှုပ်​ထွေးစွာဖြင့် ​မေးလိုက်၏ "ငါ အချိန်မှားလာမိတာများလား"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ အဲ့ဒီလိုမျိုးပဲ"

"ပါးစပ်ပိတ်ထားစမ်း" ပိုင်ယွင်ရှီက ​အော်လိုက်၏။

ယဲဖန်က သူ့အား အပြစ်ကင်းစင်စွာ လှည့်ကြည့်လိုက်​လေသည်။

ပိုင်ယွင်ရှီ "မင်းအချိန်​တွေကို ဒီမှာလာဖြုန်းတီးမ​နေနဲ့၊ မင်း လုပ်စရာတစ်ခုခုကို ဘာလို့ သွား​မရှာသေးတာလဲ၊ မြန်မြန်ထွက်သွား​တော့"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now