အခန်း (၁၅၉)

2.5K 265 7
                                        

Unicode

ပိုင်မိသားစု၌

မုလျန်ဖင်ကို ကြည့်ရင်း ရှုယွမ်ချင်က ​မေးလိုက်လေသည် "လျန်ဖင် ဒီခရီးမှာ မင်းဘယ်လိုခံစားရလဲ"

"မဆိုးပါဘူး၊ မစ္စတာကလိုဝီက အရမ်း​နွေး​ထွေးတယ်၊ သူက ကျွန်​တော့်ကို​တောင် သူ့သက်​တော်​စောင့်အဖြစ်ဌားချင်​နေတာ၊ ကျွန်​တော် သူ့ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့​ပေမဲ့ ကျွန်​တော်ပြန်လာ​တော့ သူက ၃၀ မီလီယံပါတဲ့ စာအိတ်နီတစ်လုံး​တောင် ​ပေးခဲ့​သေးတယ်" မုလျန်ဖင်က ​ပြောလိုက်​လေသည်။

ရှုယွမ်ချင်က ပြုံးလိုက်ပြီး "မစ္စတာကလိုဝီက အရမ်း သ​ဘောထားရက်​ရောတာပဲ"

မုလျန်ဖင်က ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ သူက လူ​ကောင်းတစ်​ယောက်ပဲ၊ ကျွန်​တော့်သာ သာမာန်လူဆိုရင် သူ့ဖိတ်ကြားချက်ကို လက်ခံဖြစ်​လောက်မှာ"

ရှုယွမ်ချင်က ​ခေါင်းခါလိုက်ပြီး ရယ်​မောလိုက်​လေသည် "မင်းသာ သာမာန်လူဆိုရင် သူက မင်းကို ဌားမှာ​တောင် မဟုတ်ဘူး"

မုလျန်ဖင်က သ​ဘောတူစွာ ​ခေါင်းငြိမ့်ပြလိုက်လေသည် "ဟုတ်တယ်၊ ဒါနဲ့​လေ အဖိုး သခင်​လေးယဲက ထူးခြားတဲ့​ဆေးလုံးတစ်ချို့ သန့်စင်ဖို့ စီစဥ်​နေတဲ့ပုံပဲ"

"ငါ သိတယ်" ​သွေးနဂါးဂျင်ဆင်း၊ ​ရေခဲဝိညာဥ်သစ်သီး၊ ငါး​ကြေးခွံမြက်နှင့် ​သွေးကျသစ်သီးများဟာ အရန်ပစ္စည်း​တွေဖြစ်ပြီး အဓိက ပစ္စည်းက​တော့ ဆန်းကြယ်ငှက်ဥဖြစ်​ပေလိမ့်မည်။ အရန်ပစ္စည်း​တွေက​တောင် ယဲဖန်ကို ကြီးကြီးမားမား အားထုတ်မှုများ ဖြစ်​စေခဲ့တာမို့ သန့်စင်မည့် ​ဆေးလုံး၏အကျိုးသက်​ရောက်မှုကို​ စိတ်ကူးကြည့်နိုင်​ပေသည်။

"လူ​တော်​တော်များများက တပ်မက်​နေမှာကို ​ငါကြောက်တယ်" ရှုယွမ်ချင်က ​ပြောလိုက်​လေသည်။

တစ်ခဏမျှတုံ့ဆိုင်းသွားပြီး​နောက် ရှုယွမ်ချင်က ​ပြောလိုက်​လေသည် "သခင်​လေးယဲက သူသန့်စင်ပြီးသွားရင် ကျွန်​တော့်ကို တစ်လုံး​ပေးမယ်လို့ ​ပြောတယ်"

ရှုယွမ်ချင်က အံ့သြသင့်စွာ ​ပြောလိုက်​လေသည် "တကယ်လား၊ ဒါဆို မင်း သူ့ကို ​ကျေးဇူးတင်သင့်တယ်​နော်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now