အခန်း (၁၉၆)

4.6K 262 20
                                        

Unicode

ပိုင်ယွင်ရှီသည် မျက်လုံးဖွင့်လိုက်ပြီး တစ်စုံတစ်ခုအား နားလည်သွားသည့်ပုံရ​လေသည်။

သူသည် သူ့လက်အား ​​ဝှေ့ယမ်းလိုက်​တော့ တစ်ဖက်ခြမ်းရှိ ​တောင်ထိပ်​ပေါ်တွင် ယခင်ကထက် ပိုမို နက်ရှိုင်းသည့် ဓါးအမှတ်အသားတစ်ခု ​ပေါ်​ပေါက်လာခဲ့သည်။

ယဲဖန်က သ​ဘောတူစွာ ​ခေါင်းငြိမ့်ပြလိုက်ပြီး "​ကောင်းတယ်၊ ဒီတစ်ကြိမ် မင်း​တော်​တော်တိုးတက်လာပြီ"

​လော့တျဲယီ "....." ယဲဖန်က ပိုင်ယွင်ရှီကို သင်​ပေး​နေတာလား။ အဂ္ဂိရတ်ဆရာတစ်​ယောက်က ဓါးကျင့်ကြံသူတစ်​ယောက်ကို ​သင်​ပေး​နေတာလားဟ။ ဒီကမ္ဘာကြီးက ဘာ​တွေဖြစ်ကုန်ကြတာလဲဟင်။

"သွားကြရ​အောင်" ယဲဖန်က ​ပြောလိုက်သည်။

​လော့တျဲယီသည် ယဲဖန်ကို စိတ်ရှုပ်​ထွေးစွာ ကြည့်ရင်း ​ပြောလိုက်သည် "အဂ္ဂိရတ်ဆရာယဲ ​တောက်ဆရာပိုင်က အခုမှ နားလည်ခါစပဲ ရှိ​သေးတာ​လေ၊ ရှင်တို့​တွေ ခဏ​လောက်​​ စောင့်ကြည့်ဖို့ မလိုအပ်​တော့ဘူးလား"

ယဲဖန်က ​ခေါင်းခါလိုက်ပြီး "အ​ကောင်းဆုံး ဓါးစွမ်းအင်သ​ဘောတရားဆိုတာက ကိုယ့်ဘာသာ နားလည်​အောင် ပြုလုပ်တာပဲ၊ တစ်ခြားလူရဲ့ ဓါးစွမ်းအင်သ​ဘောတရားကို အများအပြား မြင်ခဲ့တယ်ဆိုရင် အဲ့ဒီလူက အလွယ်တကူ ထိခိုက်နိုင်တယ်၊ မင်း ဒီက ဓါးစွမ်းအင်သ​ဘောတရားကို တကယ် နားမလည်​နိုင်သေးဘူးဆိုရင် အဲ့တာက မင်းရဲ့အရည်အချင်းက ညံ့ဖျင်းလို့မဟုတ်ပဲ၊ ဒီက ဓါးစွမ်းအင်သ​ဘောတရားက မင်းနဲ့ မသင့်​တော်လို့ပဲ"

​လော့တျဲယီ "....."

"သွားကြရ​အောင်" ယဲဖန်သည် ပိုင်ယွင်ရှီဘက် လှည့်ပြီး ​ပြောလိုက်​လေသည်။

ပိုင်ယွင်ရှီသည် ​ခေါင်းငြိမ့်ပြလိုက်ပြီး သူနှင့်အတူ ထွက်သွား​တော့သည်။ ​လော့တျဲယီသည် ထို​နေရာတွင် ​အေးခဲ​နေပြီး သူတို့ ထွက်သွားသည်အား ကြည့်​နေခဲ့​ပေသည်။

​လော့တျဲယီမျက်လုံးထဲတွင် ယဲဖန်​နောက်​ကျောက တိုင်းတာ၍မရ​လောက်​အောင် မြင့်မားလာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now