အခန်း (၁၄၇)

1K 162 3
                                    

Unicode

ဟိုတယ်ထဲတွင်

ယဲဖန်သည် စည်းတံဆိပ်ကို အချိန်အ​တော်ကြာ​အောင် စိုက်ကြည့်​နေခဲ့၏။

ပိုင်ယွင်ရှီသည် ​ရေချိုးခန်းထဲမှ ထွက်လာ​တော့ ယဲဖန်ဟာ ထိုင်ရင်း စား​ပွဲအား စူးစိုက်ကြည့်​နေတာကို ​တွေ့လိုက်ရ​လေသည်။

သူ့​ခေါင်းကို သုတ်​နေရင်း ​မေးလိုက်၏ "မင်း ဒီစည်းတံဆိပ်ကို စိုက်ကြည့်​နေတာ အ​တော်ကြာ​နေပြီ၊ အဲ့ဒါက ဘာများ ​ကောင်း​နေလို့လဲ"

"ဟွာနိုင်ငံမှာ ​ရှေး​ခေတ်တုန်းက ကျင့်ကြံသူ​တွေ တကယ်ရှိ​​နေတယ်ဆိုတာ ဒါက ​ဖော်ပြ​နေခဲ့တာ​လေ" ယဲဖန်က ​တွေး​တောကာ ​ပြောလိုက်၏။

ပိုင်ယွင်ရှီက မျက်လုံးများ ​​မှေးလိုက်ပြီး "တကယ်လား၊ မင်းက ဘယ်လို သိတာလဲ"

"ဒီစည်းတံဆိပ်က ​ပြောတာ​လေ"

"ဒီစည်းတံဆိပ်ထဲမှာ နဂါးဝိညာဥ် ရှိ​နေတယ်၊ ဒါကို နဂါးဝိညာဥ်လို့ ​ခေါ်ဖို့ကလည်း မသင့်​တော်​လောက်ပါဘူး၊ ဒါက နဂါးဂိုဏ်းက ဆင်းသက်လာသူ​တွေဖြစ်​ပေမဲ့ သူတို့​သွေးသားက မသန့်စင်​တော့ဘူး၊ နဂါးဝိညာဥ်က ဆင်းသက်လာသူကို အကျဥ်းချဖို့က လွယ်ကူတာမဟုတ်ဘူး၊ ဒါက အ​ခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးပဲ ဖြစ်လိမ့်မယ်"

ပိုင်ယွင်ရှီက အသက်ပြင်းပြင်းရှုလိုက်ပြီး "ဟွာနိုင်ငံသမိုင်း​ကြောင်းမှာ သာမာန်ထက်ထူးကဲတဲ့ လူတစ်ချို့ ရှိတယ်ဆိုပြီး မှတ်တမ်းတင်ထားခဲ့တာ​တွေ ရှိဖူးတယ်" ဟွမ်ဧကရာဇ်က ချီယိုကို တိုက်ခိုက်တုန်းက မိုးကြိုးနတ်ဘုရားနှင့် လျှပ်စီး​မိခင်ကို ဆင့်​ခေါ်ခဲ့ဖူးတယ်လို့​ ​ပြောခဲ့ကြ​လေသည်။

"ဒါ​ပေမဲ့ ငါ ဒီမှာ​ စစ်မှန်တဲ့ကျင့်ကြံသူတစ်ဦးကို ရှာမတွေ့​သေးဘူး" ယဲဖန်က ​ရေရွတ်လိုက်၏။ သူ့​တွေ့ခဲ့​သော ကျင့်ကြံသူအားလုံးက လိုအပ်တဲ့စွမ်းအင်​များကို ​လေ့ကျင့်​နေခဲ့ကြသူတွေသာ ဖြစ်​လေသည်။

ဝိညာဥ်အရင်းအမြစ်ပါရှိသူ အနည်းငယ်သာ ရှိတာ​ကြောင့် သူတို့၏ဝိညာဥ်အရင်းအမြစ်များကို စစ်ဆေးရန်က မဖြစ်နိုင်​ပေ။ ​ဒါ​ကြောင့် ရှေး​ဟောင်းသိုင်းပညာကို ကျင့်ကြံတာက အ​ကောင်းဆုံးနည်းလမ်းပင် ဖြစ်​လေသည်။ သိုင်းပညာရှင်​တွေက ကျင့်ကြံသူ​တွေထက် အားပိုနည်းကာ စမှတ်ကလည်း နိမ့်​တာ​ကြောင့် လူတိုင်းက ​လေ့ကျင့်နိုင်​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now