Unicode
ဝူစီဟန်သည် ကားထဲမှထွက်လာတော့ တိုက်ဆိုင်စွာ ကျန့်ဟိုက်လင်နှင့် တွေ့သွားလေသည်။
"သခင်လေးကျန့် မင်းဒီမှာ ဘာလုပ်နေတာလဲ" ဝူစီဟန်သည် ထူးဆန်းစွာ မေးလိုက်သည်။
"ကျွန်တော် သခင်လေးယဲဆီ လာတာ" ကျန့်ဟိုက်လင်က ပြန်ဖြေ၏။
ဝူစီဟန်သည် ထိုနေရာတွင် တစ်ခဏမျှ ကြောင်သွားကာ အနည်းငယ် စိတ်ရှုပ်သွားလေသည်။ "မင်းက ဒီကို ယဲဖန်အတွက်လာတာလား။ အဲ့ကောင်က မင်းကို စော်ကားထားလို့လား။ ဒီကောင်တော့ အေးအေးချမ်းချမ်း မနေနိုင်ဘူး"
ကျန့်ဟိုက်လင်သည် အမြန်ခေါင်းယမ်းလိုက်ကာ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် သခင်လေးယဲဆီကို တစ်စုံတစ်ခု အကူအညီတောင်းမလို့ပါ"
ဝူစီဟန်သည် သက်ပြင်းချလိုက်ကာ "ကောင်းပါပြီ ဒါပေမဲ့ သူက မင်းကို ဘယ်လိုကူညီနိုင်မှာလဲ"
ကျန့်ဟိုက်လင်က တစ်ခဏမျှတုံ့ဆိုင်းနေပြီး ဝန်ခံလိုက်သည် "သခင်လေးယဲက သရဲတစ္ဆေတွေကို ဘယ်လို ဖမ်းရမလဲဆိုတာ သိတယ်"
ဝူစီဟန်သည် မျက်လုံး လှိမ့်လိုက်ကာ စိတ်တိုလျက် "သခင်လေးကျန့် မင်းက ဘယ်ချိန်တည်းက ဒီလို အယူသည်းနေရတာလဲ။ ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ မရှိဘူး။ ဒါက လူတွေပြုလုပ်ဖန်တီးထားတဲ့အရာတွေပဲ။ နိုင်ငံတော်က နှစ်ပေါင်းများစွာ ပဒေသရာဇ်အယူသီးမှုကို ဆန့်ကျင်ခဲ့တာကို မင်းက ဘယ်လိုလုပ်ပြီး ယုံကြည်နေသေးတာလဲ"
ကျန့်ဟိုက်လင် "....." ငါလဲ ဘယ်တုန်းကမှ မယုံပါဘူး။ ဒါပေမဲ့ အဲ့ဒါက ငါ့ဆီမှာ တကယ်ဖြစ်လာတယ်လေ။
"ယဲဖန်က မကြာသေးမီက အများကြီပြောင်းလဲသွားခဲ့ပြီး အမြဲတမ်း ရိုင်းစိုင်းနေပေမဲ့ မင်း သူ့ဆီကနေ မသင်ယူနဲ့" ဝူစီဟန်က မကျေမနပ်ပြောလိုက်သည်။
ကျန့်ဟိုက်လင်သည် ခေါင်းငုံ့ထားရုံသာ တတ်နိုင်ပေမဲ့ ဝူစီဟန်ကို တကယ် သရဲတစ္ဆေတွေကို တွေ့စေချင်သည်။ အဲ့လို သာတွေ့ခဲ့ရင် သူ အခုလို ပြောနိုင်ပါအုံးမလား။
![](https://img.wattpad.com/cover/359449014-288-k656257.jpg)
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...