အခန်း(၁၇၃)

839 161 6
                                    

Unicode

​လေလံပွဲကို ​လျှောက်ပတ်ကြည့်ပြီး​နောက် ယဲဖန်နှင့် ပိုင်ယွင်ရှီတို့ဟာ မြို့​​တော်ရှိ သူတို့ဗီလာသို့ ပြန်လာခဲ့​ပေသည်။

ယဲဖန်သည် အပြင်လူများ ရှာ​ဖွေခြင်းကို တားမြစ်ရန် ကာကွယ်​ရေးအစီအရင်အများအပြားကို ချက်ချင်း တည်​​ဆောက်ခဲ့သည်။

လျှို့ဝှက်​မြေ​အောက်ခန်းထဲတွင် ​ထောင်ထျဲက သတ္တု​သေတ္တာအား ​လောဘတကြီးဖြင့် စိုက်ကြည့်​နေခဲ့သည်။

​လေးနက်​နေသည့် ​​ထောင်ထျဲကို ကြည့်ပြီး ပိုင်ယွင်ရှီက သိလိုစွာဖြင့် ​မေးလိုက်​လေသည် "ဘာလဲ၊ ​သေတ္တာထဲက ပစ္စည်းကို မင်းပါ စိတ်ဝင်စား​နေတာလား"

​ထောင်ထျဲက မျက်​မှောင်ကြုတ်လိုက်ပြီး တီးတိုး​ရေရွတ်လိုက်​လေသည် "အဲ့ဒါက ငါတို့ နဂါးမျိုးနွယ်စုက တစ်စုံတစ်ခု ဖြစ်မယ့်ပုံပဲ"

ပိုင်ယွင်ရှီက အံ့သြတကြီးဖြင့် ​​​မေးလိုက်​လေသည် "တကယ်ကြီလား"

​ထောင်ထျဲက ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ ​​အရှိန်အဝါက နည်းနည်းဆင်တူ​နေတယ်"

ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ပြီး​နောက် ယဲဖန်သည် ​မြေ​အောက်ခန်းထဲသို့ ဝင်လာခဲ့သည်။

ပိုင်ယွင်ရှီသည် ယဲဖန်ကို ကြည့်ပြီး "အထဲမှာ ဘာရှိလို့လဲ၊ မင်း ဘာလို့ အရမ်းဂရုစိုက်​နေရတာလဲ"

သူက ​ခေါင်းခါလိုက်ပြီး "မသိဘူး၊ ဒါ​ပေမဲ့ ငါတို့​တွေ မကြာခင်​တော့ သိရ​လိမ့်မယ်၊ ​ကောင်းတဲ့အရာတစ်ခုခု​တော့ ထင်တာပဲ"

သတ္တု​သေတ္တာကို စိတ်ဝိညာဥ်စွမ်းအားများက သီးသန့်ခွဲထားတာ​ကြောင့် ယဲဖန်လည်း အထဲတွင် ဘာရှိမှန်း မသိ​ပေ။ သို့​သော်လည်း ပစ္စည်းက အ​တော်​လေး ထူးခြားတာ​ကြောင့် ထူးထူးဆန်းဆန်း အရာမျိုး​တော့ မဖြစ်နိုင်​လောက်​ပေ။

ယဲဖန်သည် သူ့ဝိညာဥ်စွမ်းအားကို ​သော့​ပေါက်ထဲသို့ ထိုး​ဖောက်ဝင်​ရောက်​စေပြီး ၎င်းကို ဖွင့်လိုက်​လေသည်။ ​သေတ္တာထဲတွင် ​နောက်​သေတ္တာတစ်လုံး ရှိခဲ့​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now