အခန်း (၁၈၃)

521 93 4
                                    

Unicode

ချင်းယွီ​လှေထဲ၌ ယွမ်ချင်းယွဲ့သည် သူမမျက်လုံးထဲတွင် ရှုပ်​ထွေး​နေ​သောအမူအရာဖြင့် မျက်​မှောင်တင်းတင်းကြုတ်ထားပြီး သူမမျက်နှာက နီရဲ​နေခဲ့သည်။

"အိမ်​​တော်ထိန်းကျိုး အဲ့ဒီလူရဲ့ ​နောက်ခံက ဘာလဲ၊ အရင် သူ့ကို တစ်ခါမှ မ​တွေ့ဖူးပါဘူး၊ သူ့​ရေခဲပညာရပ်က သန့်စင်ပြီး စွမ်းအားအရမ်းကြီးတာပဲ၊ ပြီး​တော့ သူ့ကြည့်ရတာ ငယ်​သေးမယ့်ပုံပဲ၊ ဂိုဏ်းကြီးတစ်ချို့က လူလား" ယွမ်ချင်းယွဲ့က ​​တောက်ပ​နေ​သောမျက်လုံးများဖြင့် မေးလိုက်သည်။

ယွမ်ချင်းယွဲ့က လှပကာ ချမ်းသာ​သောမိသားစုမှ လာတဲ့သူတစ်ဦးဖြစ်​လေသည်။ သူမကို မြင်သည့်လူတိုင်းက သူမအား အ​တော်​လေး အာရုံစိုက်ကြ​ပေသည်။ ဒီလိုမျိုး လှပပြီး အစွမ်းထက်
သည့်​ကောင်လေးတစ်ဦးနှင့် ​တွေ့ဆုံရသည်မှာ ရှားပါးတာ​ကြောင့် သူမဟာ ချက်ချင်းပင် တစ်ခြားအ​တွေးများ ဝင်​ရောက်လာခဲ့​ပေသည်။

ယွမ်ချင်းယွဲ့၏အမူအရာကို ကြည့်ရင်း ကျိုးလီသည် သူမက ထို​ကောင်​လေးအ​ပေါ် သ​ဘောကျ​နေ​ကြောင်း သိလိုက်ရ​သည်။ ဒါ​ပေမဲ့ ပိုင်ယွင်ရှီ၏သ​ဘောထားကို အကဲခတ်ကြည့်ရ​သ​လောက် က​တော့ ထိုလူက သူမအ​ပေါ် လုံးဝစိတ်မဝင်စား​ကြောင်း ​ပြောနိုင်​ပေသည်။

"သခင်မ​လေး အဲ့ဒီလူနဲ့ ​နောက်မှထွက်လာတဲ့တစ်​ယောက်က စုံတွဲ​တွေ ဖြစ်ကြလိမ့်မယ်"

ယွမ်ချင်းယွဲ့သည် တစ်ခဏမျှ ​အေးခဲသွားပြီး "အိမ်​တော်ထိန်းကျိုး ရှင် မှား​နေတာ ဖြစ်ပါလိမ့်မယ်"

ကျိုးလီက ​ခေါင်းခါလိုက်ပြီး "ကျွန်​တော်​တော့ မထင်ဘူး"

ယွမ်ချင်းယွဲ့က သက်ပြင်းချလိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် "ဒီ​လောက်​တော်တဲ့လူက လိပ်တူကြိုက်တဲ့သူတဲ့လား"

"သခင်မ​လေး ​နောက်မှထွက်လာတဲ့တစ်​ယောက်က ပို​တောင်အစွမ်းကြီး​သေးတယ်" ကျိုးလီက အ​ကြောက်တရားများဖြင့် ​ပြောလိုက်၏။

ယွမ်ချင်းယွဲ့က အံ့သြသင့်စွာ ​မေးလိုက်၏ "တကယ်လား၊ ဘယ်လို​တောင် အစွမ်းကြီးတာလဲ၊ သူက အ​ခြေတည်အဆင့်လို့​တော့ မ​ပြောနဲ့​နော်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now