အခန်း (၁၂၈)

1.8K 285 4
                                    

Unicode


ရှစ်ဝေးနေရာက ထွက်လာတော့ ဟုတ်အန်းက သိချင်စိတ်ဖြင့် မေးလိုက်သည် "သခင်လေးယဲ ပါမောက္ခရှစ်ဆီက ကျောက်စိမ်းဆွဲသီးဆိုတာက ဘာလဲ"
"အဲ့ဒါက ခုခံကာကွယ်ရေး စနစ်ပါရှိတဲ့ ယွင်ရှီအတွက် ငါ့ရဲ့မင်္ဂလာခန်းဝင်ပစ္စည်းတွေလေ" ယဲဖန်က ပြောလိုက်သည်။
"ကျွန်တော့်မှာ အဲ့ဒီလို ကျောက်စိမ်းဆွဲသီးမျိုး ရှိခဲ့ရင် ကျွန်တော် အလွယ်တကူဒဏ်ရာမရနိုင်တော့ဘူးပေါ့လေ ဟုတ်လား" ဟုတ်အန်းက မေးလိုက်သည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်"
"ဒါဆို မင်းက သခင်လေးယွင်ရှီကို ကျောက်စိမ်းဆွဲသီး ဘယ်လောက်ပေးခဲ့တာလဲ" ရှောက်ချီကို အခုတစ်ရာပေးလိုက်တာဆိုတော့ လူအိုကြီးပိုင်သည် သူ့အောက်တော့ မနည်းလောက်ပေ။
"အိုး မများပါဘူး၊ အခု နှစ်ထောင်တည်းပါ" ယဲဖန်က ပြောလိုက်သည်။
မင်းပြောတဲ့ အခုနှစ်ထောင်ဆိုတာက မများဘူးလား။ ဟုတ်အန်းသည် သူ တစ်ခု နှစ်ခုလောက်ရရမည်ဟု သူ့စိတ်ထဲ ကျိန်ဆိုနေခဲ့ပေသည်။
"သခင်လေးယဲ၊ သခင်လေးယဲ ....." ယဲဖန် ဖင်ကို နမ်းမလို့ လုပ်နေစဥ်တွင် ဟုတ်အန်းသည် ရုတ်တရက် ထိန်းမရနိုင်လောက်အောင် ထိတ်လန့်သွားပြီး သူ့နောက်သို့ ဝင်ပုန်းလိုက်လေသည်။
ယဲဖန်က သူ့အား ကြည့်လိုက်ပြီး "သရဲဘောကြောင်တဲ့သူနဲ့လဲ မတူပါဘူး၊ မင်းက ဘာလုပ်နေတာလဲ"
"သခင်လေးယဲ အဲ့ဒီအမျိုးသမီးပဲ"
ယဲဖန်သည် ဟုတ်အန်းညွှန်ပြသည့် ဦးတည်ရာကို ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသည်။ သူမကြည့်ရသည်မှာ အတော်လေး အေးစက်စက်နိုင်လှပြီး လူအများအား နေရခက်သလိုမျိုး ခံစားရစေသည်။
"အာ၊ အဲ့ဒါက ရှေးဟောင်းသိုင်းပညာကျင့်ကြံသူတစ်ဦးပဲ" ဒါပေမဲ့ သူမက ချီကျင့်ကြံရေးဒုတိယအဆင့်လောက်ပဲ ရှိပေသည်။
အဖြူဝတ်စုံနှင့် အမျိုးသမီးက ယဲဖန်နောက်ရှိ ဟုတ်အန်းအား အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး စက်ဆုပ်ရွံရှာနေသော မျက်နှာထားဖြင့်တစ်ဖက်သို့ လှည့်သွားခဲ့သည်။
"အဲ့ဒီ အမျိုးသမီးက အရမ်းအေးစက်လွန်းတာပဲ" တစ်ခဏမျှရပ်တန့်လိုက်ပြီးနောက် ယဲဖန်က ဆက်ပြောလာခဲ့သည် "သာမာန်ရုပ်ရည်မျိုးပါပဲ၊ မင်း ကလူကျီစယ်ခဲ့တဲ့အမျိုးသမီးက သူမပါဆိုပြီး လာမပြောနဲ့နော်၊ မင်းရဲ့ အမြင်က ဘာကြီးတုန်း၊ သူမက ယွင်ရှီလက်ချောင်းတစ်ချောင်းစာနဲ့တောင် မနှိုင်းယှဥ်နိုင်ဘူး"
ဟုတ်အန်းက ကိုးရိုးကားရားဖြင့် "ဒါပေါ့ ငါ့ရဲ့အမြင်က မင်းလောက် မကောင်းပါဘူး" ပိုင်ယွင်ရှီက ဘယ်လောက်ကောင်းလဲဆိုတာ ကိစ္စမရှိပေမဲ့ သူက ယောက်ျားတစ်ဦးဖြစ်နေဆဲပင် ဖြစ်သည်။ သူက နူးညံပျော့ပျောင်းသည့် ကောင်မလေးများကိုသာ ကြိုက်ပေသည်။ ဒါ့အပြင် သခင်လေးယွင်ရှီက အရမ်းချောမောသော်လည်း သူ့ရဲ့ ဖိအားက အရမ်းနှိပ်ကွပ်လွန်းတာကြောင့် သာမာန်လူများကတော့ မကိုင်တွယ်နိုင်လောက်ပေ။
.......
ယဲဖန့်ဖုန်း မြည်လာခဲ့၏ "ဟဲလို မုလျန်ဖင် ဘာကိစ္စလဲ"
"သခင်လေးယဲ ငါ့ကို သခင်လေးပိုင်စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သဲလွန်စတစ်ချို့ရထားတယ်၊ ဟုတ်အန်း စော်ကားခဲ့တဲ့ အမျိုးသမီးက လစန္ဒာနန်းတော်က ဖြစ်လိမ့်မယ်"
"လစန္ဒာနန်းတော်လား၊ အဲ့ဒီအင်အားစုက ဘယ်လောက်တောင် စွမ်းအားကြီးလဲ"
"သူတို့တွေမှာ အမျိုးသမီးကျင့်ကြံသူပဲရှိကြတယ်၊ ဂိုဏ်းရဲ့ခွန်အားကတော့ ပျမ်းမျှလောက်ပါပဲ၊ အမြင့်ဆုံး အဆင့်ကတော့ ယန်လိန်ရွယ်လောက်ပဲ၊ ဒါပေမဲ့ သူတို့အားလုံးက မာနထောင်လွှားကြတယ်၊ သူတို့ကိုယ်သူတို့ လစန္ဒာနန်းတော်ရဲ့နတ်သမီးတွေလို့ တင်စားခေါ်ဝေါ်နေကြပြီး ဖြူစင်သန့်ရှင်းတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားတတ်ကြတယ်၊ သူတို့တွေအားလုံးက ယောက်ျားတွေကို မုန်းတီးနေကြတာ"မုလျန်ဖင်က ပြောလိုက်သည်။
"သူတို့တွေက ကလေးတွေ မမွေးဖွားကြဘူးလား" ယဲဖန်က သံသယဖြင့် မေးလိုက်သည်။
"ဟင့်အင်း၊ သူတို့တွေက နတ်ဘုရားတွေကိုသာ အမှုထမ်းဆောင်ရွက်ကြတဲ့ လစန္ဒာနန်းတော်ရဲ့ နတ်သမီးတွေ ပြန်လည်ဝင်စားကြတယ်လို့ ထင်နေကြတာ၊ သူတို့ဆီမှာ သေမျိုးတွေအတွက် စိတ်ခံစားချက် မရှိကြပေ။ တစ်ယောက်ယောက်က သူမရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးသွားခဲ့တယ်ဆိုရင် သူမက သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ခံလိုက်ရပြီး သတ်ပစ်ကြတယ်"
"အမျိုးသမီးတွေအားလုံးက ကလေးမမွေးကြဘူးဆိုတော့ သူတို့တွေက ဘယ်လိုလုပ်ပြီး တည်ရှိနေနိုင်သေးတာလဲ" ယဲဖန်က အံ့သြသွားခဲ့သည်။
"သူတို့တွေက မမွေးဖွားခဲ့ကြပေမဲ့ တပည့်တွေ လက်မခံဘူးလို့တော့ မဆိုလိုဘူးလေ" မုလျန်ဖင်က ပြောလိုက်သည်။
"အိုး ငါ သိပြီ" ယဲဖန်က ပြောလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ယဲဖန်သည် ဟုတ်အန်းကို ပြောလိုက်၏ "မင်း ငါ့ကို ၃၀၀ မီလီယံပေးမယ်လို့ ပြောခဲ့တယ်မလား"
ဟုတ်အန်းသည် ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်လေ"
"နောက်ပြီးကျရင် ငါ မင်းကို ဆေးညွှန်းတစ်ခုပေးမယ်၊ ဒါပေမဲ့ ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေကိုတော့ မင်းဘာသာမင်း ပြင်ဆင်ပေးရလိမ့်မယ်" ယဲဖန်က ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ယဲဖန်က သူ့အလုပ်ကို လက်ခံတော့မယ်ဆိုတာ ဟုတ်အန်းက သိသွားခဲ့ပေသည်။ ဒါကြောင့် သူက ယဲဖန်အား အလျင်အမြန် ကျေးဇူးတင်လိုက်တော့သည်။
ယဲဖန်၏အဂ္ဂိရတ်ပညာက အရမ်းကောင်းမွန်ကြောင်းကို ချိုက်ကျန်ကျွင်း တစ်ခါက ပြောခဲ့ဖူးလေသည်။ အရင်ကဆို ရှုယွမ်ချင်ကတောင် ယဲဖန်ကို အကူအညီတောင်းဆိုခဲ့ရ၏။ ယဲဖန်သာ ကူညီဖို့ ဆန္ဒရှိတယ်ဆိုလျှင် သူဘေးကင်းသွားပြီ ဖြစ်ပေသည်။
"သခင်လေးယဲ မင်းဘယ်သွားမလို့လဲ" ဟုတ်အန်းက ယဲဖန်ကို ရပ်တန့်ကာ မေးလိုက်၏။
"စာကြည့်တိုက် သွားမလို့လေ၊ အဖိုးက အဲ့ဒီမှာ ရှိတယ်တဲ့" ယဲဖန်က ပြောလိုက်၏။
ဟုတ်အန်းက တုန်လှုပ်သွားပြီး "ဒါပေမဲ အဲ့ဒီအမျိုးသမီးက အဲ့ဒီထဲကို ဝင်သွားတယ်လေ"
ယဲဖန်က မျက်လုံးလှိမ့်လိုက်ပြီး "ဒါကြောင့် ငါက အထဲဝင်လို့မရဘူးလား၊ ဘာလို့လဲ"
လာစမ်းပါ၊ ချီကျင့်ကြံခြင်း ဒုတိယအဆင့်လေးပဲကို၊ သာမာန်လူတွေထက် နည်းနည်းလေးပဲ ပိုသန်မာတာလေ၊ လက်ဖဝါးတစ်ချက်တည်းနှင့် သူမကို သတ်ပစ်လို့တောင် ရနိုင်တဲ့ဟာကို။
"မင်းကြောက်နေတယ်ဆိုရင် အပြင်ဘက်မှာပဲ စောင့်နေလိုက်လေ၊ ငါ အဖိုးကို သွားရှာရအုံးမှာ" ယဲဖန်က ပြောလိုက်၏။
တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟုတ်အန်းက "ငါ မင်းနဲ့အတူ ဝင်သွားတာကပဲ ပိုကောင်းလိမ့်မယ်" ပြောလိုက်သည်။
စာကြည့်တိုက်ထဲ ဝင်လာပြီးနောက် ရှေးဟောင်းစာအုပ်များရှိရာသို့ သွားခဲ့ပေသည်။ ရလဒ်ကတော့ ထိုအမျိုးသမီးကလည်း တူညီသည့် နေရာသို့ ဦးတည်သွားနေခဲ့ကြောင်း တွေ့ရှိသွားခဲ့၏။
"နင် ဘာလုပ်တာတုန်း၊ နင်လဲ ညစာအတူစားချင်နေလို့လား" ဟုရှန်းယိက ရပ်ကာ လှည့်လာပြီး အေးစက်စွာ မေးလိုက်၏။
လက်နောက်ပစ်လျက် ယဲဖန်သည် စိတ်ရှုပ်ထွေးစွာဖြင့် "ငါက ဘာလို့ မင်းကို ညစာဖိတ်ကျွေးသင့်တာလဲ၊ ငါ့မှာပိုက်ဆံတွေပေါနေရင်တောင် အဲ့ဒီလိုနေရာမျိုးမှာ အကုန်ကျမခံနိုင်ပါဘူး"
"ဒါဆို ငါ့နောက် ဘာလို့ လိုက်လာနေတာလဲ" ဟုရှန်းယိက မေးလိုက်သည်။
ယဲဖန် "မင်းအတွေးလွန်နေပြီ၊ ဒီမှာ မင်းအတွက်ရောက်နေတာမဟုတ်ဘူး"
အေးစက်စွာ နှာမှုတ်လိုက်ပြီး ယဲဖန်သည် သူမ၏အာရုံ ပျံ့လွင်သွားအောင် ကြိုးစားနေသည်ဟုသာ ဟုရှန်းယိက အခိုင်အမာ ယုံကြည်သွားခဲ့ရာ "နင်က ဒီကို ငါ့အတွက်လာခဲ့တာမဟုတ်ဘူးလား။ ဒါဆို ဘာလို့ ငါ့နောက်ကို လိုက်လာနေတာလဲ"
ယဲဖန် "ဘယ်သူက မင်းနောက်လိုက်လာနေလို့တုန်း၊ ငါက တစ်ယောက်ယောက်ကို ရှာနေတာကွ"
"အိုး၊ နင်က ဘယ်သူ့ကို ရှာနေတာလဲ" ဟုရှန်းယိက မေးလိုက်၏။
ရှောက်ချီက ရှေးဟောင်းစာအုပ်တန်းထဲမှ ထွက်လာပြီး "ယဲဖန် မင်းက ဒီမှာပဲ"
"အဖိုး ယွင်ရှီက မင်းကိုလာတွေ့ဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့လို့လေ။ နောက်ကျနေပြီ၊ နေ့လည်စာ အရင်သွားစားကြရအောင်လေ" ယဲဖန်က အကြုံပြုလိုက်၏။
ရှောက်ချီသည် အပြုံးလေးဖြင့် "ကောင်းပြီလေ"
ယခင်ကဆိုလျှင် ယွင်ရှီက ရှောက်ချီကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့သည့်အခါ ရှောက်ချီက ယဲဖန့်ကြောင့် စိတ်တိုခဲ့ရပေသည်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ယဲဖန် သူ့ဘေးက မလိုက်လာတော့ဘူးဆိုရင် သူက ယဲဖန်ကို အနည်းငယ် လွမ်းဆွတ်နေမိလေသည်။
သူတို့စကားဝိုင်းကို ကြားတော့ ဟုရှန်းယိသည် ယဲဖန်က ဒီကို ရှောက်ချီကြောင့် ရောက်လာမှန်း သိလိုက်ရတော့သည်။ သူတို့နှစ်ဦးတွင် သွေးသားတော်စပ်မှုဆက်ဆံရေးတစ်ခုတောင် ရှိလောက်ပေသည်။ သူမသည် သူမကိုယ်သူမ မြှောက်ပင့်နေမှန်း နားလည်သွားတာကြောင့် ဟုရှန်းယိသည် သူမမျက်နှာက လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရပြီး သူမစိတ်ထဲတွင်လည်း အနည်းငယ် ရူးသွပ်သွားသလို ခံစားလိုက်ရတော့၏။
ရှောက်ချီကို ကြည့်လိုက်ပြီး သူမက စိတ်ကြီးဝင်စွာ မေးလိုက်၏ "ပါမောက္ခရှောက် ကျွန်မစာတွေကို ဘာသာပြန်ပြီးပြီလား" "အဲ့ဒီအရာက ပြီးပြည့်စုံမှုမရှိတော့တဲ့အပြင် အရမ်းရှုပ်ပွနေတာပဲ၊ အချိန်တစ်ချို့လောက် ယူရအုံးမယ်" ရှောက်ချီက ပြောလိုက်၏။
ဟုရှန်းယိက ဝမ်းနည်းစွာဖြင့် "ပါမောက္ခရှောက် ဒါက အရမ်းအရေးကြီးနေလို့ မြန်မြန်လေး မလုပ်ပေးနိုင်ဘူးလား"
ရှောက်ချီက မျက်မှောင်ကြုတ်လိုက်ပြီး "နှေးကွေးတဲ့အလုပ်တွေက အလုပ်ကို ပေါ့ပါးသွားစေနိုင်တယ်၊ မင်းအလျင်အမြန် ပြုမူနေလို့မရနိုင်ဘူး"
"စိတ်ထဲ ထည့်မနေနဲ့တော့၊ အခုချိန်မှာက အစားအစာအတွက် အပြင်ထွက်ဖို့တောင် အချိန်ရှိသေးတာပဲ၊ မြန်မြန်ပြီးအောင် လုပ်လိုက်မယ်ဆိုရင်သာ ထူးဆန်းနေအုံးမှာ" ဟုရှန်းချီက ထေ့ငေါ့လိုက်သည်။
"အဖိုး သူမရဲ့ ဘာသာပြန်အတွက်ပိုက်ဆံ ဘယ်လောက်ယူထားလဲ" ယဲဖန်က ပြောလိုက်၏။
"အလကား" ထိုအရာက နဂါးအဖွဲ့၏ တောင်းဆိုမှုတစ်ခုကြောင့်ပင် ဖြစ်သည်။ ရှောက်ချီက ငွေကြေးမပြတ်လပ်တာကြောင့် မကြာခဏ စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပေသည်။ သို့သော်လည်း ခက်ခဲသော အရာများဖြင့် တွေ့ဆုံရတာကတော့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူ့အကူအညီကို တောင်းဆိုကြသည့်လူတိုင်းက အမြဲတမ်း လေးစားမှုကို ပြသခဲ့ကြသည်။
ယဲဖန်က ခါးထောက်လိုက်ပြီး "ဒါဆို အဖိုးက အလကားလုပ်ပေးခဲ့တာလို့ ဆိုလိုတာလား။ ဟေး မင်း မင်းရဲ့ သဘောထားက ဘာတုန်း၊ မင်းက အလျင်လိုနေတယ်ဆိုရင်လဲ တစ်ခြားတစ်ယောက်ကို သွားရှာလိုက်၊ ငါ့အဖိုးက မင်းအတွက် ဘာသာပြန်ပေးမယ်လို့ သဘောတူလိုက်တာက မင်းကို မျက်နှာသာ ပေးနေတာပဲကွ၊ မင်းမှာ ပြဿနာတစ်ခုခုရှိနေခဲ့ရင် မင်းသေဆုံးသွားရလိမ့်မယ်"
ဟုရှန်းယိ "မာနထောင်လွှားနေတဲ့ သေမျိုးကောင်ကများ၊ နင့်အဖိုးဆီ အကူအညီတောင်းတာကိုက သူ့ကို မျက်နှာသာပေးထားပြီးသား ဖြစ်နေပြီ၊ ဒီအရာတွေက ဘယ်လောက်အဖိုးထိုက်တန်သလဲဆိုတာကော နင်သိလို့လား"
"ဟေး ရူးသွပ်နေတဲ့ ကောင်မလေး မင်းအရှက်မရှိတာကို မင်းမိဘတွေကော သိကြရဲ့လား" ယဲဖ န်က စိတ်ပျက်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
ဟုရှန်းယိက ယဲဖန်မျက်နှာပေါ်သို့ လက်သီးတစ်လုံး ပစ်သွင်းခဲ့စဥ် ယဲဖန်ကလဲ သူမဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး သူမဟာ တိုက်ရိုက်ပင် လေထဲ လွင့်ထွက်သွားတော့၏။
ဟုရှန်းယိက ချက်ချင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သွေးအလုတ်ကြီးကြီး အန်ထွက်လာခဲ့သည် "နင် ....."
ယဲဖန်သည် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်တာနှင့် သူက သာမာန်လူမဟုတ်ဘဲ ရှေးဟောင်း သိုင်းပညာကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ဟုရှန်းယိက သဘောပေါက်သွားတော့သည်။
ရှောက်ချီကမျက်မှောင်ကြုတ်လိုက်ပြီး "ယဲဖန် မင်း သူမကို ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ရိုက်လိုက်ရတာလဲ"
"ဟင့်အင်း၊ ကျွန်တော် မလုပ်ပါဘူး၊ သူမက အရမ်းအားနည်းနေတာပါ၊ စိတ်မပူပါနဲ့ အဖိုး၊ သူမ မသေနိုင်ပါဘူး" ယဲဖန်က ပြောလိုက်၏။
ဟုရှန်းယိသည် မြေပြင်ကနေ တွားသွားတက်လာပြီး ယဲဖန်ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေခဲ့သည်။
"အဖိုး သွားကြရအောင်လေ" ထို့နောက် ယဲဖန်သည် ရှောက်ချီကို အဝေးသို့ ဆွဲခေါ်သွားခဲ့တော့သည်။
ဟုတ်အန်းက အနည်းငယ် ပျော်ရွှင်နေမိ၏။ ယဲဖန်က ထိုအမျိုးသမီးကို ရိုက်နှက်လိုက်တော့ သူတို့တွေက တစ်လှေတည်း စီးတဲ့လူတွေလို့ ဆိုလိုတာပဲမလား။
"အဖိုး အဲ့ဒီအမျိုးသမီးက ဘယ်သူတုန်း၊ သူမကို ဘယ်လိုလုပ်ပြီး သိရတာလဲ" ယဲဖန်က မေးလိုက်၏။
"နဂါးအုပ်စုက တစ်စုံတစ်ယောက်က ခေါ်လာခဲ့တာ၊ ငါ့ကို ဘာသာပြန်ခိုင်းဖို့အတွက် သူတို့မှာ တစ်ခုခုရှိတယ်လို့ ပြောခဲ့တယ်"
ဟုရှန်းယိက သိုင်းပညာကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ ပြီးခဲ့သည့် ရက်ပိုင်းတုန်းက နဂါးအုပ်စုမှ အထက်အရာရှိတစ်ချို့က သူမကို ခေါ်ဆောင်လာပေးခဲ့ပြီး ရှေးဟောင်းစာသားတစ်ချို့ပြန်ဆိုပေးဖို့ တောင်းဆိုခဲ့သည်။ ရှေးဟောင်းစာသားများက အပိုင်းပိုင်းအဖြစ် ဆုတ်ဖြဲခံထားရပြီး သူက စာသားအားလုံးတို့ကို လုံးလုံး မချိတ်ဆက်နိုင်ခဲ့ပေ၊ အရင်က ရှောက်ချီသည် ဒီလိုကိစ္စမျိုး မဆောင်ရွက်ခဲ့ဖူးတာကြောင့် ဟုရှန်းယိက သိုင်းကျမ်းတစ်ချို့ကို့သာမက ဆုတ်ဖြံခံထားရသည့် စာရွက်အပိုင်းအစလေးကိုပါ ဘာသာပြန်စေချင်ကြောင်း သိခဲ့ရသည်။
အပိုင်းအစများဖြစ်နေတာကြောင့် တိုးတက်မှုနှုန်းက အရမ်းနှေးကွေးနေခဲ့ရသည်။
သူ့တိုးတက်မှုက နှေးကွေးတာကြောင့် ဟုရှန်းယိသည် သူ့အား မကြာခဏ လာရောက်တိုက်တွန်းခဲ့ပြီး သူမ၏ဆိုးရွားလှသော သဘောထားကြောင့်အတော်လေးကို မကျေမနပ်ဖြစ်ခဲ့ရသည်။ သို့သော်လည်း သူက ဒီအခြေအနေကို မချဲ့ချင်တော့ပေ။
ယဲဖန်သည် အမွေးထူဂဏာန်းကို ကိုက်နေရင်း "အဖိုး ဘာလို့ ဒီအလုပ်ကို ယူရတာလား၊ အဲ့ဒီအမျိုးသမီးက အရမ်းမာနထောင်လွှားနေတာက တော်ရုံတောင် မဟုတ်တော့ဘူး" အခုလေးတင်ပင် ထိုအမျိုးသမီးက သူ့အား သာမာန်လူအဖြစ် ယူဆခဲ့ပေသည်။ သူသာ သာမာန်လူတစ်ယောက်ဖြစ်ခဲ့လျှင် သူမဆီက လက်သီးချက်ကို လက်ခံရရှိခဲ့ပါက သူဟာ ဟုတ်အန်းကဲ့သို့ အဆုံးသတ်သွားတော့မှာပင် ဖြစ်ပေသည်။
ရှောင်ချီက ခေါင်းယမ်းလိုက်ပြီး "ဒီအလုပ်က လက်ခံလိုက်တုန်းက သူမက ဒီလိုလူမျိုးဖြစ်မှန်း မသိခဲ့ဘူးလေ" ဟုရှန်းယိသည် နဂါးအဖွဲ့အစည်းနှင့်အတူ လာတုန်းက သူက တိတ်ဆိတ်နေပြီး ဘာမှသိပ်မပြောဆိုခဲ့ပေ။ ဒါကြောင့် သူက ဒီအလုပ်ကို တွေးတောမနေတော့ဘဲ လက်ခံလိုက်၏။
လက်ခံခဲ့ပြီးနောက် ဟုရှန်းယိသည် သိမ်မွေ့ပြီး တိတ်ဆိတ်နေတာ မဟုတ်ဘဲ သူ့လိုမျိုး သာမာန်လူနှင့် စကားပြောရတာက သူမအတွက် နိမ့်ကျတယ်လို့ ခံစားရတာကြောင့်မှန်း ရှောက်ချီက သဘောပေါက်သွားခဲ့၏။
သိုင်းပညာကျင့်ကြံသူများ၏မျက်လုံးထဲတွင် သာမာန်လူများက ဘယ်လောက်ပဲ ကောင်းမွန်အောင်နေထိုင်နေနေ၊ သူတို့တွေ ငွေကြေးဘယ်လောက်ပဲရှိရှိ သူတို့တွေက သေမျိုးတွေသာဖြစ်ကြပေသည်။ သိသိသာသာကိုပင် ဟုရှန်းယိက သူတို့ထဲမှ တစ်ဦးပင် ဖြစ်သည်။
သို့သော်လည်း သူက လက်ခံလိုက်ပြီဆိုကတည်းက နောင်တရဖို့ဟာ အရမ်းနောက်ကျသွားခဲ့လေပြီ။
"ဟုတ်အန်း မင်းကြည့်ရတာ ဘာလို့ အရမ်းစိတ်ဓါတ်ကျနေသလို ဖြစ်နေရတာလဲ၊ ညနက်မှ အိပ်ရာဝင်တာလား၊ မင်းက ငယ်ရွယ်သေးပေမယ့် ကိုယ့်ဘာသာ ဂရုစိုက်အုံးလေ၊ ငယ်ငယ်လေးနဲ့ ပြိုလဲကျသွားရင် ဘယ်လိုလုပ်မှာတုန်း" ရှောက်ချီကပြောလိုက်သည်။
ဟုတ်အန်း "....." သူလဲ မလိုချင်ပါဘူး၊ ဒါတွေက အဲ့ဒီအမျိုးသမီးရဲ့ လက်သီးချက်ကြောင့်လေ။
"သူက ညဥ့်နက်မှ အိပ်ရာဝင်လို့ မဟုတ်ဘူး၊ သိုင်းပညာကျင့်ကြံသူတစ်ယောက်ဆီက အရိုက်ခံခဲ့ရလို့လေ" ယဲဖန်က ပြောလိုက်၏။
"သိုင်းပညာကျင့်ကြံသူလား"ရှောက်ချီသည် ဟုတ်အန်းက ညဥ့်နက်မှ အိပ်ရာဝင်တာ များသွားတာကြောင့်လို့ ထင်ခဲ့ရာ ယဲဖန်ပြောတာကြားမှ ဘာကြောင့်မှန်း သိလိုက်ရတော့သည်။
"အဲ့ဒါက အဖိုးကို ဘာသာပြန်ခိုင်းတဲ့ အမျိုးသမီးကြောင့်လေ" ယဲဖန်က ပြောလိုက်သည်။
ရှောက်ချီသည် ကျောက်တုံးလို့ တစ်ခဏမျှရပ်တန့်သွားပြီး "သူမလား၊ သူမ ဒီလောက်တောင် ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ဒါနဲ့ သခင်လေးဟုတ် မင်းက သူမကို ဘယ်လိုစော်ကားလိုက်မိလို့တုန်း"
"တကယ့်ကို စာနာစိတ်မရှိဘူး" ယဲဖန်က ပြောလိုက်သည်။
ယဲဖန်သည် အစက ဟုတ်အန်းဒဏ်ရာက မသေစေနိုင်လောက်တာကြောင့် တစ်ဖက်လူက ဂရုဏာပြခဲ့တာလို့ ထင်ခဲ့ပေသည်။ အဲ့ဒီအမျိုးသမီးကို တွေ့ပြီးနောက်မှာတော့ ထိုအမျိုးသမီးက သူမလက်သီးချက်ထဲတွင် သူမ၏ခွန်အားအားလုံးကို ထည့်သွင်းထားခဲ့ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းက မလုံလောက်တာကြောင့် ဟုတ်အန်းက အသက်ရှင်ခဲ့ရသည်။
"ဟုတ်အန်း မင်းက သူမကို ဘယ်လိုလုပ်ပြီး စော်ကားခဲ့ရတာလဲ" ရှောက်ချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သူက သူမကို ကလူဖို့ ကြိုးစားခဲ့လို့လေ" ယဲဖန်က ပြောလိုက်၏။
ဟုတ်အန်း "....." လာစမ်းပါ၊ မင်း ဒါကို ငါ့အတွက် မဖုံးကွယ်ပေးနိုင်ဘူးလား။
"စောနလေးတင်ပဲ တစ်ယောက်ယောက်က လစန္ဒာနန်းတော်ရှိ အမျိုးသမီးတွေအားလုံးက နတ်ဘုရားတွေကိုပဲ အမှုထမ်းဆောင်ရွက်ပြီး ဖြူစင်သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြတယ်လို့ ပြောခဲ့တယ်၊ ဒါကြောင့် မင်းမှာ အခွင့်အရေးမရှိနိုင်တော့ဘူး၊ အနာဂတ်မှာ အဲ့ဒီအမျိုးသမီးကို စိတ်ကူးယဥ်မနေတာ မင်းအတွက် ပိုကောင်းလိမ့်မယ်၊ မင်းမိသားစုမှာက မျိုးဆက်၃ဆက်လုံးအတွက် သားတစ်ယောက်ပဲ ရှိတာ၊ မင်းမိဘတွေရဲ့ အတွေးတွေကလဲ ရှေးရိုးဆန်ကြတယ်၊ ပြီးတော့ သူမက DINK မိသားစုက လာတာဆိုတော့ မင်းနဲ့ မကိုက်ညီဘူး" ယဲဖန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"သခင်လေးယဲ မင်းပြောတာ မှန်တယ်၊ မင်းပြောတာ မှန်တယ် ....." သခင်လေးယဲက တကယ့်ကို အတွေးများနေတာပဲ၊ သူသည် ယခင်တုန်းက ထိုအကြောင်းကို မသိခဲ့ပေမဲ့ ယခုတော့ သိသွားခဲ့လေပြီ။ ဒီလိုလူမျိုးကို ရှာဖွေရလောက်အောင် သူက ရှင်သန်ရတာ ကြာမြင့်နေပြီမို့လို့လား။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now