Unicode
ပိုင်ယွင်ရှီသည် ယဲဖန်နှင့်အတူ ရွာကို ပတ်ကြည့်နေခဲ့၏။ ယဲဖန်သည် ခေါင်းစောင်းရင်း အတွေးလွတ်နေခဲ့ပေသည်။
ပိုင်ယွင်ရှီသည် သူ့ကို ကြည့်ပြီး မေးလိုက်၏ "ဘာမှားနေလို့လဲ"
"ဒီရွာက နည်းနည်းထူးဆန်းတယ် ထင်လို့ပါ" ယဲဖန်က ပြောလိုက်၏။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်လိုက်ပြီး "ဒါပေါ့၊ ဒါက သရဲခြောက်တဲ့ရွာတစ်ခုပဲလေ"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်"
"ဒါပေမဲ့ ဒီရွာမှာက သရဲတွေ အများကြီးရှိနေကြတယ်" လူအားလုံးက သေဆုံးပြီးနောက် သရဲအဖြစ် မပြောင်းလဲနိုင်ကြသလို အများစုက ပြန်လည်ဝင်စားသွားကြမည် ဖြစ်ပေသည်။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်လိုက်ပြီး "ရွာပတ်လည်မှာ ဘုရားကျောင်းသုံးခုက 品 (pın - ဖင်း)ပုံသဏ္ဍာန်တည်ရှိနေတဲ့ပုံပဲ၊ ဒီပုံစံမျိုးက သရဲတွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုကြတယ်လို့ ပြောကြတယ်လေ"
ယဲဖန်က သဘောတူစွာ ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ဒီရွာအောက်မှာ တစ်ခုခုကို ချိပ်ပိတ်ထားတာ ဖြစ်နိုင်လောက်မယ်"
ဆန်းကြယ်ငှက်ဥကို ရှိသည့်ဂူသင်္ချိုင်းက ဒီရွာအနီးအနားတွင် ရှိသည်ဟု ဆိုခဲ့လေသည်။ဒီရွာက ဆန်းကြယ်ငှက်ဥနှင့် တစ်ခုခု ပတ်သတ်နေတာ ဖြစ်နိုင်ပေလိမ့်မည် ဖြစ်ပေသည်။
"နောက်ကျနေပြီ၊ ဟိုတယ်ကို အရင်ဆုံး ပြန်ကြရအောင်" ယဲဖန်က အကြံပြုလိုက်၏။
ပိုင်ယွင်ရှီသည် 'ကောင်းပြီ' ဟုဆိုရင်း ခေါင်းငြိမ့်ပြလိုက်၏။
.......
သူတို့ ဟိုတယ်ပြန်ရောက်လာတော့ ဂျော့ရှ်သည် အရက်မူးနေပြီး လက်သီးကို လေ့ကျင့်နေကာ တစ်ခုခုကိုလည်း ရေရွတ်နေတာကို တွေ့လိုက်ရလေသည်။
ချန်ယန်းက ဘေးနားတွင် စိုးရိမ်တကြီး ရပ်ကြည့်နေခဲ့လေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...