Unicode
"သခင်လေးယဲ မင်း ဒီကိုမလာတာတောင် ရက်တော်တော်ကြာနေပြီနော်" အရှေ့ကောင်တာသည် ယဲဖန်ကို မြင်တော့ စိတ်အားထက်သန်စွာ နှုတ်ဆက်လာခဲ့သည်။
ယဲဖန်က ခေါင်းငြိမ့်ကာ "ယွင်ရှီက လူအိုကြီးကို ဂရုစိုက်ပေးဖို့ တောင်းဆိုထားလို့လေ။ သူ့ကို မငြင်းပယ်နိုင်တော့ အဲ့ဒီမှာ ရက်အတော်ကြာ သောင်တင်နေခဲ့တာပေါ့။ ယွင်ရှီ ဒီမှာရှိလား"
"ရှိတယ်။ သူ့ရုံးခန်းထဲမှာ" အရှေ့ကောင်တာက နွေးထွေးစွာ ပြောလာခဲ့သည်။
"ဒီရက်တွေမှာ သူ့ကို လာရှာတဲ့ မိန်းမတွေ ရှိခဲ့လား" ယဲဖန်သည် အလေးအနက် မေးလာခဲ့သည်။
အရှေ့ကောင်တာမှ ပြုံးကာ "ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ညွှန်ကြားချက်အတိုင်း သူတို့ကို အထဲဝင်ခွင့်မပြုခဲ့ဘူး" ထိုအရာသည် အရှေ့ကောင်တာကို တကယ် ခေါင်းကိုက်စေလေသည်။ သူတို့ဟာ ချမ်းသာသည့် မိသားစုမှ ကျော်ကြားသူတစ်ချို့ ဖြစ်လေသည်။ သူမက သူတို့ကို အထဲဝင်ခွင့်မပြုခဲ့သည့်အတွက် သူတို့ကို တကယ် စော်ကားမိခဲ့လေသည်။
ယဲဖန်က ခေါင်းငြိမ့်ကာ "ကောင်းပြီလေ။ ငါအပေါ်တက်တော့မယ်"
နောက်တော့ သူဟာ ပိုင်ယွင်ရှီရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။
ထို့နောက် ဆိုဖာပေါ်တွင် သင့်တော်သော အနေအထားတစ်ခုကို ရှာတွေ့ခဲ့သည်။
ပိုင်ယွင်ရှီသည် အတွင်းထဲမှ တံခါးပိတ်ထားသည့် အကျင့်တစ်ခုရှိကာ ဒါပေမဲ့ ဒီနေ့တွင် ဘာလို့မှန်းမသိပေမဲ့ တံခါးပိတ်ဖို့ မေ့သွားခဲ့သည်။
သူ့ကို မြင်တော့ ပိုင်ယွင်ရှီသည် မသိစိတ်ကနေ သက်ပျင်းချလိုက်လေသည်။
ပိုင်ယွင်ရှီသည် လမ်းလျှောက်လာပြီး တံခါးပိတ်လိုက်သည် "မင်းအဆင်ပြေရဲ့လား။ မင်းကိုယ်ပေါ်ကနေ အနံ့တစ်ခု ရနေတယ်"
"ငါ ဒဏ်ရာရလာလို့"
ယဲဖန်၏လက်မောင်းနှင့် ခြေထောက်အားလုံးတို့တွင် ကျည်ဆံမှန်ထားလေသည်။ သူ၏နူးညံသော အသားအရေပေါ်တွင် အပေါက်တွေ အများကြီးရှိနေခဲ့သည်။ ပိုင်ယွင်ရှီသည် ဒီကောင်က ကျည်ဆံဒဏ်ရာတွေနဲ့ ဒီကိုဘာလာလုပ်မှန်း မသိတော့ပေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...