အခန်း (၁၉၅)

2K 226 3
                                        

Unicode

ယခုအချိန်ဟာ ပိုင်ယွင်ရှီအတွက် ​​မှော်လက်နက်သန့်စင်ရာတွင် အ​ရေးကြီး​သော အခိုက်အတန့်တစ်ခုဖြစ်​ပေသည်။ ယဲဖန်သည် စိတ်ဝိညာဥ်​ကျောက်တုံးများစု​ဆောင်းဖို့ အချိန်မရှိခဲ့​ပေ။

"ဒီအတိုင်းပဲ လုပ်ကြရ​အောင်" ယဲဖန်သည် ပိုင်ယွင်ရှီကို ကြည့်ပြီး ​ပြောလိုက်သည်။

ပိုင်ယွင်ရှီသည် ​ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ဝက်ပြီးလက်စ ​ဓါး ၁၂​ချောင်းဆီသို့ ​သွေးစက်များ ချလိုက်သည်။ ဓါးများတွင် အသံများထွက်​ပေါ်လာခဲ့ကြသည်။ ​နောက်​တော့ ဓါး ၁၂​ချောင်းက ပိုင်ယွင်ရှီပတ်လည်တွင် ဝန်းရံ​နေကြပြီး ပတ်ဝန်းကျင်ရှိ အ​အေးချီဓါတ်များကို အပြင်းအထန်စတင်စုပ်ယူလာ​တော့သည်။

ပြင်းထန်​သော အ​အေးချီများက စမ်း​ချောင်းများအဖြစ် ​ပြောင်းလဲသွားပြီး သူတို့ဆိုင်ထဲ ပျံသန်းဝင်​ရောက်လာကြ​တော့သည်။

ပတ်ပတ်လည်ရှိ အပူချိန်များက အလျင်အမြန်ကျဆင်းလာ​တော့သည်။

ဖြတ်သန်းသွားကြသည့် ကျင့်ကြံသူများက အ​အေးချီဓါတ်ကို တွန်းလှန်ရန်အတွက် အတွင်းအားများကို လှည့်ပတ်​နေခဲ့ရသည်။

သူတို့ဆိုင်နှင့် မနီးမ​ဝေးတွင် ဓါးစွမ်းအင်ကို နားလည်သ​​ဘော​ပေါက်​အောင် ကြိုးစား​နေသည် လင်းမိုသည် မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး "အ​အေးချီဓါတ်တွေအားလုံးက ဖျင်ဖန်ဆိုင်ထဲ ဦးတည်​နေကြတယ်" ဟု ​ပြောလိုက်သည်။

​လော့တျဲယီသည် ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဟမ်၊​လေ​အေး​တွေက ဘယ်လို​တောင် ပြင်းထန်လွန်းရတာလဲ"

အ​အေးချီလှိုင်းများက သန်မာ​​သော စမ်း​ချောင်းများအဖြစ် ​ပြောင်းသွားပြီး ယဲဖန်ဆိုင်ထဲ ဝင်သွားကြသည်မှာ ကျင့်ကြံသူအများအပြားကို ဆွဲ​ဆောင်နိုင်ခဲ့​ပေသည်။

လီချင်းသည် ယဲဖန်ဆိုင်ကို ကြည့်ရင်း စိတ်ရှုပ်​ထွေးစွာ ​ဆိုလိုက်သည် "ဂိုဏ်းတူအစ်မ ဘာ​တွေ ဖြစ်​ကုန်တာလဲ"

ဖုန်မိုအာသည် ​ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်​လေသည် "ကြီးမားလှတဲ့ အင်အားတစ်မျိုးပါလား၊ ဘာ​တွေ ဖြစ်ကုန်တာလဲဆိုတာ ငါလည်း မသိ​တော့ဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now