Unicode
ထန်ယုံကျင်းသည် IV ချိတ်ထားရင်း လူနာခန်းထဲတွင် လဲလျောင်းနေခဲ့သည်။
နာမည်ကျော်ကြားလှသည့် ဆရာဝန်အားလုံးက တိုင်ပင်ဆွေးနွေးနေ၏။ ထိုလူများကို ကြည့်ကာ ဝူစီဟန်သည် အံ့သြသွားလေသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသည်မှာ မကြာသေးမီက မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဓိကပရောဂျက်အား စီစဥ်ခဲ့သည့် အိမ်ခြံမြေသူဌေးကြီး ထန်ယုံကျင်း ဖြစ်ပေသည်။ မိသားစုကြီးတစ်ချို့က သူတို့နှင့်အတူပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများကို ရှာဖွေနေကြလေသည်။
ဝူစီဟန်က သူ့ကို ဒီမှာတွေ့ရလိမ့်မည်ဟု မထင်ထားချေ။ မကြာသေးမီက ယဲမိသားစုနှင့် လျောက်မိသားစုတို့၏ ပူးတွဲလက်ထပ်မည့်သတင်းထွက်ပေါ်ခဲ့ပြီးနောက် သူတို့ဝူမိသားစုသည် သီးခြားဖြစ်သွားခဲ့ရာ သူတို့၏ စီးပွားရေးတွင် ပြဿနာတစ်ချို့ ရှိခဲ့သည်။ သူတို့သာ ထန်ယုံကျင်းနှင့် ဆက်သွယ်နိုင်ခဲ့မယ်ဆိုလျှင် ပိုကောင်းသွားပေလိမ့်မည်။
"ရလဒ်က ဘာလဲ" ကျိုးကျင်းကျီက မေးလိုက်သည်။
"အခုထိတော့ မသိရသေးဘူး။ ကျွန်တော်တို့တွေ အရင်ဆုံး မှတ်တမ်းကြည့်ရအုံးမယ်" ခေါင်းဆောင်ဆရာဝန်က ဆိုသည်။
ကျိုးကျင်းကျီက ပြုံးကာ ဆိုလိုက်လေသည် "ဒါဆိုလဲ ဆရာတို့က ဆွေးနွေးဖို့ အပြင်ထွက်ပြီး အဖြေရှာဖို့ အစည်းအဝေးတွေ ဘာလို့မကျင်းပရသေးတာလဲ"
ယဲဖန်၏ကုသမှုသည် အနည်းငယ်ထူးဆန်းသည်ကို သူသိတာကြောင့် ကျိုးကျင်းကျီသည် လူများစွာကို မမြင်စေချင်ခဲ့ပေ။
"ကောင်းပါပြီ" ဆရာဝန်များသည် အချင်းချင်းပြန်ကြည့်ကာ ထွက်သွားကြသည်။
"မင်းကုသရေးအဆောင်တွေ ယူလာခဲ့လား" ကျိုးကျင်းကျီသည် လှည့်ကာ ယဲဖန်ကို လေးနက်စွာ မေးလိုက်သည်။
"ကုသရေးအဆောင်အကြောင်း ဘယ်လိုသိတာလဲ" ယဲဖန်က မေးသည်။"ရှောက်ချီ ပြောပြတာ" သင်္ချိုင်းက ပြန်လာပြီးနောက် ရှောက်ချီသည် ယဲဖန်အကြောင်းအကုန်လုံး ပြောပြခဲ့သည်။ ဒါပေါ့ ကုသရေးအဆောင်အကြောင်းလဲ ပါလေသည်။ သို့သော်လည်း ရှောက်ချီက အဲ့ဒါကို မပြောပြလျှင်တောင် ကျိုးကျင်းကျီက အရင်တည်းက သိပြီးသားပင် ဖြစ်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...