Unicode
ယဲဖန်သည် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကြည့်နေစဥ် ပိုင်ယွင်ရှီက ထွက်လာခဲ့သည်။
"ချန်နုန်းကျားက တစ်စုံတစ်ယောက်က MMS တစ်စောင်ပို့ထားတယ် ကြည့်လိုက်ပါအုံး" ပိုင်ယွင်ရှီက ပြောလိုက်၏။
ယဲဖန်သည် ဖုန်းကို လှမ်းယူလိုက်ပြီး စစ်ဆေးကြည့်ပြီးနောက် စိတ်ဝင်တစားဖြင့် ပြောလိုက်လေသည် "စိတ်ဝိညာဥ်ဆေးပင်ကောင်းတွေပဲ"
ပိုင်ယွင်ရှီက ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ သူတို့တွေက ဒီဆေးပင်တွေကို မင်းရဲ့အစာကြေဆေးနဲ့ လဲလှယ်ချင်လို့တဲ့"
ယဲဖန်က ခေါင်းမော့လိုက်ပြီး "လေးလုံးက လုံလောက်နေပါပြီ၊ သူတို့တွေက ဘာလို့ အများကြီး လိုအပ်နေရတာလဲ၊ ဒီဆေးက အများကြီးသောက်ရင် အဆင်မပြေဘူးလေ' ဒီဆေးလုံးမျိုးက ဆေးလုံးများမကြေညက်ခြင်းတွင်သာ အဓိက အသုံးပြုကြပေသည်။
ပိုင်ယွင်ရှီက ပုခုံးတွန့်ပြလိုက်ပြီး "ချန်နုန်းကျားမှာ အစာအိမ်မကောင်းတဲ့လူတွေ အများကြီးရှိလို့ ပိုလိုချင်တာ ဖြစ်မှာပေါ့"
ယဲဖန်က ပြုံးလိုက်ပြီး "အဲ့ဒါက အလုပ်ဖြစ်မှာပါလို့ ပြောသားပဲ၊ ငါလိမ်နေတာဆိုပြီး အဲ့ဒီလူတွေက ထင်နေကြပေမဲ့ အခုတော့ သူတို့တွေက နားလည်သွားကြပြီ၊ အဲ့ဒီဦးနှောက်မရှိတဲ့ မိန်းကလေးက ငါ့ကို မယုံဘူးလေ၊ ငါက အတော်လေးကို ယုံကြည်အားကိုးလို့ ရတယ်ဆိုတာ မင်းလည်းသိပါတယ်"
ပိုင်ယွင်ရှီ "....."
သူ၏ဂုဏ်ယူဝံ့ကြွားနေသည့်မျက်နှာကို ကြည့်ရင်း ပိုင်ယွင်ရှီသည် ခေါင်းငြိမ့်ပြလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် "ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းကသာ အတော်ဆုံး၊ အဲ့ဒီအရူးတွေက အခုဆို နောင်တရနေကြလောက်ပြီ"
ယဲဖန်သည် ဂုဏ်ယူဝံ့ကြွာစွာဖြင့် ပြုံးလိုက်လေသည်။
.......
ရုတ်တရက် တံခါးခေါက်သံ ထွက်လာခဲ့သည်။
ယဲဖန်သည် တံခါးထဖွင့်ပေးလိုက်သည်နှင့် ဂျော့ရှ်က တွေ့လိုက်ရတော့ အံ့သြသွားခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...