Unicode
မုလျန်ဖင်သည် သူ့အခန်းထဲ ဝင်သွားပြီး တံခါးပိတ်ကာ သိုင်းကျမ်းအား အကြိမ်ပေါင်းများစွာ လေ့ကျင့်နေခဲ့ပေသည်။
ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး ပုလင်းသေးတစ်လုံးကို ထုတ်လိုက်၏။
ယဲဖန်သည် သူ့အား ဥကနေ သန့်စင်ထားသည့် ဆေးလုံးတစ်လုံး ပေးထားခဲ့ပေသည်။
ဒါကြောင့် ပုံမှန်ဆိုလျှင် မုလျန်ဖင်က ထိုအရာကို အလေးနက်ထားကာ မသုံးစွဲခဲ့ပေ။
သူသည် ဒီဆေးလုံးမျိုးရရှိရန် အခွင့်အရေးအလွန်နည်းပါးမှန်း ကောင်းကောင်းသိပေသည်။ ဒီတစ်ခုကို သုံးစွဲလိုက်ပြီးရင် သူ့ကျန်ရှိနေသော ဘဝ၌ နောက်ထပ်အခွင့်အရေးထပ်ရအုံးမလားဆိုတာ မသိတာကြောင့် သူဟာ အကောင်းဆုံး အခြေအနေတွင် သုံးစွဲရန်အတွက် စောင့်ပြီးရင်းစောင့်နေခဲ့၏။ ယခုအခါတွင်တော့ သူတွေးထားသည့် အချိန်သို့ ကျရောက်လာခဲ့သည်။
ဆေးလုံးထုတ်လာပြီး မကြာခင်မှာပဲ ပြင်းထန်သည့်ဆေးရနံ့များဟာ အခန်းတစ်ခုလုံးအား ပျံ့နှံ့သွားခဲ့သည်။
မုလျန်ဖင်မျက်နှာသည် အနည်းငယ် နီရဲသွားလေသည်။ သူ့လက်ထဲရှိ ဆေးလုံးထဲတွင် သန်မာသည့် ဆေးစွမ်းအင်များဟာ အားဖြည့်ဆေးလုံးဆယ်လုံးစာနှင့် ညီမျှကြောင်း ခံစားရနိုင်ပေသည်။ ဒီဆေးလုံးနဲ့သာဆိုရင် သူဟာ ငယ်ရွယ်သေးပေမယ့် သိုင်းပညာအဆင့်ခြောက်ကို ရောက်ရှိနိုင်ပေသည်။ သူ အဆင့်ခြောက်ကို ရရှိနိုင်မယ်ဆိုရင် သူ့တစ်ဘဝလုံးရှိ အောင်မြင်မှုများဟာ မိသားစုခေါင်းဆောင်၏အရည်အချင်းနှင့် သိပ်မကွာနိုင်တော့ဘူး။
အတိတ်တုန်းကဆို သူဟာ ခေါင်းဆောင်ကို မော့ကြည့်နေရပေမဲ့ ယခုအခါတွင်တော့ ခေါင်းဆောင်ကို အမှီလိုက်နိုင်ရုံသာမက ကျော်လွန်သွားအောင်ပါ ကြိုးစားနိုင်ပေသည်။
"ဘန်း" တံခါးမှာ ကန်ဖွင့်ခံလိုက်ရ၏။
သူသည် ဆေးလုံးကို အမြန် သိမ်းဆည်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
သူ့အခန်းထဲသို့ လူတစ်စု ချိုးဖျက်ဝင်ရောက်လာတာကို မြင်တော့ မုလျန်ဖင်မျက်နှာက မည်းမှောင်သွားခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...