အခန်း (၁၈၇)

1.8K 215 3
                                        

Unicode

ချင်းယွီကုန်သည်အစည်းအရုံးတွင်

ယွမ်ချင်းယွဲ့က စိတ်ဝင်တစားဖြင့် "ယဲဖန်က မာ​ရွေ့ကို ​စော်ကားခဲ့တာလား၊ ဒီ​ကောင်က အသက်ရှင်​သန်နေထိုင်ရတာ ပျင်း​နေတာလားဟ"

မာ​ရွေ့​ရောက်လာတုန်းက လှပ​သောအမျိုးသမီးကျင့်ကြံသူတစ်ချို့ကို ​တွေ့ခဲ့ရာ ထိုအမျိုးသမီးများနှင့် ချိတ်ဆက်ချင်ခဲ့​ပေသည်။

တကယ်​တော့ သူသည် ယွမ်ချင်းယွဲ့ကို စိတ်ဝင်စားခဲ့​သော်လည်း သူမအထက်တွင် ​အ​ခြေတည်အဆင့်ကျင့်ကြံသူသုံးဦးရှိတာ​ကြောင့် အလွန်အကျွံမပြုမူရဲခဲ့​ပေ။

"အဲ့ဒီမာ​ရွေ့က ​မိသားစုနောက်ခံ​ကောင်းပဲ ရှိတာ၊ သူ့အရည်အချင်းနှင့်သာဆိုရင် သူ့ဘာသာသူ အ​ခြေတည်အဆင့် ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာတုန်း" ကျိုးလီက ချဥ်တူးစွာ ​ပြောလိုက်၏။

ကျိုးလီသည် အသက် ၈၀​ကျော်​နေပြီး ဖြစ်​​သော်လည်း ချီကျင့်ကြံ​ရေးအဆင့် ၉သာ ရှိ​​သေးတာ​ကြောင့် သူ့ဆီတွင် အ​ခြေတည်အဆင့် ​ရောက်ရှိဖို့ ​​မျှော်လင့်ချက်လုံးဝမရှိ​ခဲ့ပေ။ မာ​ရွေ့လိုလူမျိုးကို ​တွေ့လိုက်ရ​တော့ သူသည် အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရ​တော့သည်။

ကျိုးလီသည် မာ​ရွေ့ထက် အရည်အချင်းပိုရှိ​သော်လည်း သူ့​လောက်​တော့ ကံမ​ကောင်းခဲ့​ပေ။

"မာယွမ်ဖင်က တံခါးပိတ်ကျင့်ကြံ​နေတာ သုံးနှစ်​လောက်​တောင် ရှိ​နေပြီ၊ သူ့ဒဏ်ရာက ဘယ်​လောက်တောင် ပြင်းထန်ခဲ့တာလဲ" ယွမ်ချင်းယွဲ့က ​မေးလိုက်သည်။

"အ​တော်​လေး​တော့ မပြင်းထန်​နိုင်လောက်ဘူး၊ မဟုတ်ရင် မာ​ရွေ့က အခုလိုမျိုး လိုက်ရန်စဖို့ သတ္တိရှိမှာ​တောင် မဟုတ်​လောက်ဘူး" ကျိုးလီက ​ပြောလိုက်၏။

ယွမ်ချင်းယွဲ့က မျက်​မှောင်ကြုတ်လိုက်၏ "အဲ့ဒီယဲဆိုတဲ့​ကောင်က ဘယ်​ကမ္ဘာက​နေ ​ရောက်လာတာပါလိမ့်၊ သူ့မှာ ခိုင်မာတဲ့ ​နောက်ခံတစ်ခု ရှိ​နေတာများ ဖြစ်နိုင်​လောက်မလား"

ကျိုးလီက ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဖြစ်နိုင်​လောက်တယ်၊ မဟုတ်ရင် ​သူ့မျက်လုံးထဲ ရွှေအမြု​တွေအဆင့်ကို ဘယ်လိုလုပ်ပြီး မထည့်ဘဲ​နေပါ့မလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now