Unicode
ကျောက်ရှီကုမ္ပဏီ၌
"အမ နင်ဒီကို ဘာလာလုပ်တာလဲ" ပိုင်ယွင်ရှီက မေးလိုက်သည်။
"ယဲဖန် ဒီမှာ မရှိဘူးလား" ပိုင်ယွင်ဖေးသည် လှည့်ပတ်ကြည့်ကာ မေးလိုက်၏။
ပိုင်ယွင်ရှီက ခေါင်းခါလိုက်ပြီး "သူ အလုပ်တစ်ချို့သွားလုပ်နေတယ်"
"နင် သူ့ကို တကယ်ယုံကြည်တာလား"
ပိုင်ယွင်ရှီက စိတ်ရှုပ်ထွေးသွားကာ "ဘာလို့ ဒီလိုမေးတာလား"
ပိုင်ယွင်ဖေးက နှာမှုတ်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် "သူနဲ့ ထန်ဝူရွမ်းတို့အကြောင်းက ဖျော်ဖြေရေးသတင်းတွေရဲ့ ခေါင်းစီးပိုင်းတွေမှာ ပြည့်နှက်နေတာ။ ဒါကို နင်က ဒီမှာ ထိုင်နိုင်နေသေးတာလား"
"ဒါက အဆင်ပြေပါတယ်။ ယဲဖန်နဲ့ ထန်ဝူရွမ်းက နင်ထင်နေသလို မဟုတ်ပါဘူး။ အတွေးလွန်နေတာပါ" ပိုင်ယွင်ရှီက တိုးတိုးလေး ပြောလိုက်၏။
ပိုင်ယွင်ဖေး "ငါ အတွေးလွန်နေတာမဟုတ်ဘူး။ အဲ့ဒီယဲဖန်က ကာမစိတ်ကုန်နေတာမဟုတ်ဘူးမလား။ ထန်ဝူရွမ်းရုပ်ရည်က နင့်ထက် မဆိုးဘူး။ ဒီကောင်က အဲ့ဒီလိုအကြောင်းတွေ တွေးနေမလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ"
ပိုင်ယွင်ရှီ "....." ဒါဆို ယဲဖန်က သူ့ဆီမှာ ဘာတွေ ကိုမြင်ထားတာလဲ။ သူ့ရုပ်ရည်ကိုလား။ ဒီလိုသာဆိုရင် ဒီကမ္ဘာပေါ်မှာ ကြည့်ကောင်းတဲ့လူတွေ အများကြီးရှိတာပဲ။ ဒါဆိုရင် သူက သူ့အချစ်တွေကို တစ်ခြားလူဆီပြောင်းသွားရင်လဲ မထူးဆန်းတော့ပါဘူး။
.......
"ယွင်ရှီ ငါ ရောက်လာပြီ" ယဲဖန်သည် တံခါးကို ဖွင့်လိုက်ပြီး ခေါင်းလေးထွက်လာခဲ့သည်။
ပိုင်ယွင်ဖေးကို မြင်တော့ အနည်းငယ် အံ့သြသင့်သွားပြီး "မင်းလဲ ဒီရောက်နေတာပဲ"
"နင် ဒီကို ဘယ်နေရာကနေ လာတာလဲ" ပိုင်ယွင်ဖေးက မေးလိုက်၏။
"ထန်ဝူရွမ်းနေရာကနေ လာတာလေ"
"ဘာ။ ဘာလို့လဲ" ယဲဖန်၏ဝန်ခံချက်ကြောင့် ပိုင်ယွင်ဖေးနှလုံးသားသည် ခုန်ပေါက်လာ၏။ ယဲဖန်က ဖော်ထုတ်ပြတော့မှာလား။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...