အခန်း (၁၃၅)

1.2K 212 2
                                    

Unicode

ယဲဖန်သည် ​မြေ​အောက်ထပ်ရှိ ​ဆေးလုံးသန့်စင်ခန်းထဲတွင် ရှိ​နေကာ မီးပြင်းဖိုထဲသို့ ​ရေခဲအဆီအနှစ်ကို ပစ်ထည့်လိုက်ပြီး ​ဆေးဖက်ဝင်အပင်​ပေါင်းများစွာကို ထပ်ထည့်​နေခဲ့​ပေသည်။

​ဆေးဖက်ဝင်အပင်​ပေါင်းများစွာ၏ဓါတ်ပြုမှုများ​အောက်တွင် မီးပြင်းဖိုထဲရှိ ​ရေခဲအဆီအနှစ်က တဖြည်းဖြည်း အရည်အဖြစ်သို့ ​ပြောင်းလဲလာခဲ့၏။ တစ်ချိန်တည်းမှာပင် အ​အေးဓါတ်တစ်ခုက ပျံ့နှံ့လာခဲ့ပြီး အခန်းတွင်းရှိ နံရံ​ပေါ်တွင် ​ရေခဲလွှာများက ချက်ချင်းကို သိပ်သည်းလာခဲ့​ပေသည်။

ယဲဖန်သည် မီးအားကို တိုးမြှင့်လိုက်၏။ မီးပြင်း​ဖို​အောက်ထဲတွင် မီးများက ​တောင်​လောင်​နေခဲ့​ပေသည်။

ဒါ​ပေမဲ့ အခန်းတွင်းရှိ အပူချိန်က​တော့ ပိုမိုနိမ့်ကျသွားခဲ့​၏။

ရှင်းယွဲ့ရပ်ကွက်ထဲတွင် ​​ကောင်​လေးနှင့်​ကောင်မ​လေးစုံတွဲက လမ်း​လျှောက်ရင်း စကား​ပြော​နေခဲ့ကြသည်။

"ခဏ​လေး နင် အပူချိန်ဒီဂရီ​တော်​တော်များများ ကျဆင်းသွားတာကို သတိထားမိ​လိုက်လား" ​ကောင်မ​လေးက ​မေးလိုက်သည်။

"အွန်း၊ ငါလည်း နည်းနည်း​အေးလာသလိုမျိုး ခံစား​နေရတယ်"

"ဒါ​ပေမဲ့ အခုကျ​တော့ အ​အေးဓါတ်ကို မခံစားရ​တော့ပြန်ဘူး"

​ကောင်​လေးက တစ်ခဏမျှတုံ့ဆိုင်းသွားပြီး လျှို့ဝှက်ဆန်းကြယ်စွာဖြင့် "ဒီရပ်ကွက်က မကြာခဏ သရဲ​ခြောက်တယ်လို့ ငါ ကြားဖူးတယ်၊ ပြီးခဲ့တဲ့ရက်တုန်းကဆို တစ်ခြား​နေရာ​တွေအားလုံးမှာ ​ကောင်း​ကင်က ပြာလဲ့​နေပြီး ငါတို့ရပ်ကွက်တစ်ခုတည်းကပဲ လျှပ်စီး​တွေလက်ပြီး မိုး​တွေ ခြိမ်း​နေခဲ့တာ"

​ကောင်မ​လေးက စိတ်ရှုပ်​ထွေးစွာ ​မေးလိုက်၏ "ဒါဆိုရင် နင် တစ်ခြား​နေရာကို ​ပြောင်းဖို့ မစဥ်းစားဖူးဘူးလား"

​ကောင်​လေးက ပုခုံးတွန့်ပြလိုက်ပြီး "ဒီက အိမ်​တွေက ​ရောင်းချဖို့ မလွယ်ဘူး၊ အခုဆို အိမ်​စျေး​တွေက အရမ်းမြင့်မား​နေကြတာ​လေ၊ အိမ်ပြောင်းရတာကသာ အရမ်းလွယ်တာ၊ ဒါ့အပြင် ပိုင်ယွင်ရှီက ဒီမှာ​နေ​တော့ ဘယ်သူကမှ ဒီ​နေရာက​နေ မ​ပြောင်းချင်ကြဘူး​လေ၊ နင်သာ ကံ​ကောင်းခဲ့မယ်ဆိုရင် ပိုင်ယွင်ရှီကို လူကိုယ်တိုင်​တောင် ​တွေ့ရနိုင်တယ်​လေ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now